ထီပေါက်ကိန်း တွက်နည်း

Astrology
ထီပေါက်ကိန်း တွက်နည်း

ပထမ တွက်နည်း
—————
၁။ မိမိမွေး သက္ကရာဇ် (English)ကို
မွေးနေ့ ဂြိုလ်သက်နဲ့ပေါင်းပါ
ရလာတဲ့ ပေါင်းလဒ်ကို ၃၂ နဲ့စားပါ။
အကြွင်းကို မိမိလက်ရှိအသက် နဲ့ပေါင်း
ရလဒ်ကို ၇ နဲ့စားပါ
၅ – ၆ – ၀ – တစ်ခုခုကြွင်းရင် ပေါက်မယ်။
အမွေရတတ်သည်။
——————————————

ဒုတိယ တွက်နည်း
—————-
၂။ မိမိရောက်ရှိနေသောအသက်ကိုတည်
၆ နဲ့ မြှောက် ရလဒ်ကို ၁၂ နဲ့စားပါ။
၀ ကြွင်းရင် ထီပေါက်မယ်။
အမွေရတတ်တယ်။

——————————————————-
မှတ်ချက်။ ။ နှစ်နည်းစလုံးဖြင့် တွက်ရပါမည်။
တစ်နည်းနည်းဖြင့်ကိုက်နေရင်ထီပေါက်ပါမည်။

အားလုံးတွက်ချက်ပြီးပါကအဓိဌာန်ပုတီးစိပ်ရပါမည်။

ပုတီးကုံးမှာ
ပိတောက်သား( သို့ )နံ့သာဖြူသားဖြစ်ရပါမည်။

ပုတီးစိပ်နည်း
=========

နမောတဿ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ ၃ ခေါက် ပုတီးတစ်လုံးချပါ။

၂၄ ပစ္စည်းပဌာန်းအကျဉ်းတစ်ခေါက်ရွတ်ဆိုပါ။

ဗုဒ် ဓံ သရဏံ ဂစ်ဆာမိ။ ပုတီးတစ်လုံးချပါ

ဓမ် မံ ။ ။ ။

သံ ဃံ ။ ။ ။

၂၄ ပစ္စည်းပဌာန်းအကျဉ်းတစ်ခေါက်ရွတ်ဆိုပါ။

ဒုတိယမ်ပိ ဗုဒ် ဓံ သရဏံ ဂစ်ဆာမိ။
ပုတီးတစ်လုံးချပါ

။ ဓမ် မံ ။ ။

။ သံ ဃံ ။ ။

၂၄ ပစ္စည်းပဌာန်းအကျဉ်းတစ်ခေါက်ရွတ်ဆိုပါ။

တတိယမ်ပိ ဗုဒ် ဓံ သရဏံ ဂစ်ဆာမိ။
ပုတီးတစ်လုံးချပါ

။ ဓမ် မံ ။ ။

။ သံ ဃံ ။ ။

၂၄ ပစ္စည်းပဌာန်းအကျဉ်းတစ်ခေါက်ရွတ်ဆိုပါ။

ပုတီးစိပ်ရန် အချိန်သည်
မိမိ ကြိုက်နှစ်သက်ရာ အချိန်ကိုသာ
မိမိ အစီအစဉ်ဖြင့် ရွေးခြယ်နိုင်ပါသည်။
အဓိဌာန် ဝင်ရက်သည်
အချိန်မှန် နေရာမှန် ဖြစ်ရပါမည်။
တစ်ရက်ပျက်လျှင် အစကပြန်ဝင်ရပါမည်။
နံနက် ( သို့ ) ညပိုင်း အချိန် သာဖြစ်သည်။

နေ့အလိုက် ဂြိုလ်သက်များ
———————-

တနင်္ဂနွေ ဂြိုလ်သက် ၆

တနင်္လာ ။ ၁၅

အင်္ဂါ ။ ၈

ဗုဒ္ဓဟူး ။ ၁၇ ( ရာဟု = ၁၂ )

ကြာသပတေး ။ ၁၉

သောကြာ ။ ၂၁

စနေ ။ ၁၀

ဤ မိမိမွေးသက္ကရာဇ် တွက်နည်းနှင့် တွဲဖက်၍
သရဏဂုံ၂၄ ပစ္စည်း ပဌာန်းအကျဉ်းတို့ကို
ပုတီးစိပ်၍ ကျင့်ကြံခြင်းဖြင့်
မိမိရဲ့ကံညံ့တွေ ပယ်ပျောက်၍
ကံဇာတာကောင်းများဖြစ်ပေါ်၍ကံထူးကြပါစေ

မှတ်ချက်။ ။ အဓိဌာန်ရက်သည်( ၉ )ရက်ပါ။
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ

ဆောင်တော်ကူး

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...