နတ်မခံချင်သလား နတ်ချစ်ခံချင်သလား???

Astrology
နတ်မခံချင်သလား နတ်ချစ်ခံချင်သလား???

နတ်တွေချစ်မြတ်နိုးခံတဲ့သူတွေဟာ နတ်တွေရဲ့ စောင့်ရှောက်၊ စောင်မခြင်းကိုခံရလို့ (ဝါ) နတ်မခံရလို့ အစစအရာရာအဆင်ပြေပြီးကောင်းစားတတ်ပါတယ်။ လူတို့အတွက် ခက်ခဲနေတာမျိုးဟာ နတ်တို့အတွက် လွယ်နေတတ်၊လွယ်နေတာမျိုးဖြစ်တတ်ပါတယ်။

ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းဆရာတော်ဘုရား ကြီးက၊ ချမ်းသာချင်ရင်၊ ကောင်းစားချင်ရင် အနီးနေတွေနဲ့ တည့်အောင်နေရတယ်။ အနီးနေတွေဆိုတာ ကိုယ့်ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ဝန်းခြံစောင့်နတ်၊ ကွင်းပိုင်နတ်၊ရွာစောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေပါပဲ။ သူတို့နဲ့ရန်မဖြစ်ရဘူး။ တည့်အောင်နေပါတဲ့။ ကျေးဇူးတော်ရှင်ပါ မောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်း၊ နတ်တွေရဲ့အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲတွေ့တယ်။

တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။ မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကိုစောင့်ရှောက်လာတယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ယသ္မိံ ပဒေသေကပ္ပေတိ၊ဝါသံ ပဏ္ဍိတဇာတိယော” စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ၊ အရပ်တစ်ခုခုမှာနေတယ်ဆိုရင် ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အဲ့ဒီကုသိုလ်ကောင်းမှုရဲ့အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကိုစောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာဘုန်းတန်ခိုးတွေတက်တယ်။ ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာအကြင်နာတရားတွေထားလာတယ်။

(၁) ရန်ကုန်ဘုရားစောင့်နတ်မင်းကြီးများဆန္ဒ

ဗုဒ္ဓဂယာဘုရားဖူးသွားတဲ့အခါအသွားအပြန်ဘုရားဖူးခရီးစဉ်အစအဆုံး (၈)ပါး၊ (၉)ပါးဥပုသ်သီလဆောက်တည်သွားဖို့အိပ်မက်ပေးခဲ့ကြပါတယ်။

(၂) ပုဂံနတ်တွေရဲ့ဆန္ဒ

ပုဂံဘုရားတွေမှာစောင့်တဲ့နတ်တွေက ဘုရားတွေရောက်တယ်ဆိုရင်ပဲ ဘုရားမဖူးခင် ဘုရားမရှိခိုးခင် မေတ္တာသုတ်(၂) ခေါက်ရွတ်ဖတ်ပူဇော်ပေးဖို့ ရှမ်းပြည်က အမျိုးသမီးတစ်ဦးကို အိပ်မက်ပေးဖူးပါတယ်။ နတ်တွေဟာ မေတ္တသုတ်ကိုနှစ်လိုတဲ့သဘောပါ။

(၃) တာဝတိံသာအစရှိသည့်အထက်နတ်များဆန္ဒ

တာဝတိံသာအစရှိသည့် အထက်နတ်ပြည်ကနတ်များက ပဌာန်း၊ မဟာပဌာန်းကို ပူဇော်စေလိုပါကြောင်း သတင်းစကားပါးလိုက်ကြသည်ဟု မှတ်သားရဖူးပါတယ်။

ရေးသားသူ -ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...