နတ်ဝိဇ္ဇာများနှင့်ဆက်သွယ်ပုံအဆင့်

Astrology
နတ်ဝိဇ္ဇာများနှင့်ဆက်သွယ်ပုံအဆင့်

၁။သလိုလိုအဆင့်-

စိတ်လေးသလိုလို ကြက်သီးထသလိုလို ကျောချမ်းသလိုလိုသည် ပထမအဆင့်ဖြစ်ပါတယ်။
နတ်ဝိဇ္ဇာများက ဆက်သွယ်ရန်ကြိုးစားသော်လည်း မိမိသမာဓိအားနည်းသေးသဖြင့် ဆက်သွယ်မရသေးပါ။
ဘုရားတရား ပိုလုပ်ဖို့လိုပါတယ်။ ဘေးဖြစ်မဲ့လမ်း စိတ်လေးပြ ကံကောင်းမှာဆို ထူးခြားသောနိမိတ်ပြ နာမ်လောက ရောက်လာလျှင် ကျောစိမ့်ပြသည့် ပထမအဆင့်သာဖြစ်ပါတယ်။

၂။အိပ်မက်အဆင့်-

ဂုဏ်တော်ပွားတရားထိုင် အားကောင်းလာလျှင် နတ်ဝိဇ္ဇာများက အိပ်မက်ဖြင့် ဆက်သွယ်နိုင်သောအဆင့် ရောက်လာပါတယ်။ အဓိဋ္ဌာန်ဝင်ဖို့ အိပ်မက်ပေးတာ ရှေ့ဖြစ်မှာကို ကြိုအိပ်မက်ပေးတတ်ပါတယ်။ ပုဂ္ဂိုလ်သမထအစ အိပ်မက်ကလို့ ပြောရပါမယ်။
အာနာပါသမထအစ နိမိတ်ကလို့ပြောရပါ့မယ်။ အိပ်မက်ပေးတာကိုခွဲခြားတတ်ဖို့လိုပါတယ်။ နယ်စောင့်နတ်လို နတ်ကပေးတာလား။ ဘိုးမင်းခေါင်တို့လို ဝိဇ္ဇာကပေးတာလား။ မြနန်းနွယ်တို့လို သိုက်ကပေးတာလား စစ်တတ်ဖို့လိုပါတယ်။ လမိုင်းက နတ်ဝိဇ္ဇာအယောင်ဆောင်ပြီး လိမ်လည်အိပ်မက်ပေးတတ်ပါတယ်။
မစစ်တတ်ရင် အိပ်မက်ခိုင်းတာ လျှောက်လုပ် အိပ်မက်နဲ့မခိုင်းရင် ဘာမှမလုပ်နဲ့ ခြာခြာလည်တတ်ပါတယ်။ အိပ်မက်မှန်သမျှအတည်ယူလို့မရဘဲ ကိုယ်ပိုင်အသိဥာဏ်သာအဓိက ဖြစ်ပါတယ်။

၃။အကြားအမြင်အဆင့်-

အကြားဓာတ်နဲ့ အမြင်ဓာတ် သပ်သပ်စီလာတတ်ပါတယ်။
အကြားဓာတ်ပေါ်ရင်လည်း နတ်ဝိဇ္ဇာ သိုက် ပြိတ္တာ နာမ်လောကရဲ့့စကားပြောသံတွေ ကြားနေရတတ်ပါတယ်။
အမြင်ဓာတ်ပေါ်ရင်လည်း ဒီသစ်ပင်မှာ ဘာရှိတာကအစသိပြီး လူတစ်ျယာက်ကြည့်လိုက်တာနဲ့ သူ့ကိုယ်စောင့်နတ်အစောင့်အရှောက်တွေကအစ မြင်နေရတတ်ပါတယ်။
သမာဓိအားအလွန်ကောင်းမှ အကြားအမြင်၂ခုလုံး ပြိုင်ပေါ်နေတတ်ပါတယ်။
ကိုယ့်ရှေ့မှာ ဘိုးမင်းခေါင် တင်ပလ္လင်ချိတ်ဆေးလိပ်သောက်ပြီး စကားပြောနေတာကို သက်ရှိထင်ရှားလို တွေ့နေရတတ်ပါတယ်။

အကြားအမြင်စစ်စစ်အဆင့့်ဟာ နတ်ဝိဇ္ဇာတွေနဲ့ အပြန်အလှန်စကားပြောလို့ရတဲ့အဆင့်ဖြစ်ပါတယ်။သမာဓိအားကောင်းချိန်မှာသာ ရတတ်ပြီး သမာဓိအားနည်းချိန် ပြုတ်ကျသွားတတ်ပါတယ်။ဒါကို အကြားအမြင်ဆက်တိုက်ရနေသလိုလို ဆက်လုပ်နေရင် လူတွေကို လိမ်ညာနေတာသာဖြစ်ပါတယ်။

ဓာတ်လိုလို နတ်လိုလို ဘိုးတော်ယောင်ယောင်လို့ အပြောခံရတတ်ပါတယ်။
ဘိုးဘိုးအောင် ဘိုးမင်းခေါင် ဘိုးဝါယမတို့လို သိဒ္ဓိ၁၀ပါးအဆင့်မရောက်ဘဲနဲ့ ဘိုးတော်ဝိဇ္ဇာအမည်မခံသင့်ပါဘူး။
ယောဂီအဆင့် အကြားအမြင်ယောင်ယောင်လေးနဲ့ ဘိုးတော်လုပ်နေတာဟာ ဘိုးတော်လိမ်များသာဖြစ်ပါတယ်။

သိဒ္ဓိ၁၀ပါးလောက်ပေါက်တဲ့ ဘိုးတော်အစစ်တွေက ရှားသွားပါပြီ။
ဒါကြောင့် နတ်ဝိဇ္ဇာတွေနဲ့ တကယ်အဆက်အသွယ်ရတယ်ဆိုရင် သမထလမ်းစဉ် ဝိဇ္ဇာလမ်းစဉ် ညွန်ကြားပြသတဲ့ ဆရာသမားမျိုးနဲ့ တွေ့တတ်ပါတယ်။
တွေ့လို့ လမ်းစစ်လမ်းမှန်လျှောက်နိုင်တဲ့သူက ငြိမ်သက်တည်ကြည်ပါတယ်။

လမ်းချော်သွားရင် ချဲဂဏန်းလာက်လေးပေးနိုင်ရုံ ကြားသလို မြင်သလိုလိုနဲ့ လောဘသမားတွေခြံရံတဲ့ အဆင့်နိမ့်သမထလောက်နဲ့ လမ်းဆုံးတတ်ပါတယ်။
အာဘောင်အာရင်းသန်တဲ့ အကြွားဘိုးတော်အဆင့်နဲ့ ဘိုးတော်အတုကို ဘယ်နတ်ဝိဇ္ဇာမှာ မလေးစားပါဘူး။
နောက်ဆုံး ညာစားပါများရင် နတ်ဝိဇ္ဇာတွေနဲ့ ဆက်သွယ်နိုင်တဲ့အဆင့်ကတတောင် ပြန်လျှောကျသွားတတ်ပါတယ်။

၄။မနောချင်းဆက်သွယ်နိုင်သောအဆင့်-

အဘိညာဉ်မှလွဲရင် အားအကောင်းဆုံးအဆင့်လို့ ပြောနိုင်ပါတယ်။ ထိုင်ရာမထ စကားပြောရင်းနဲ့ နတ်ဝိဇ္ဇာတွေနဲ့ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။
အထက်နတ် အောက်နတ် ဗြဟ္မာအထိ မနောခြင်းဆက် စကားပြောနိုင်ပါတယ်။ စကားပြောတယ်လို့ပြောပေမဲ့ စိတ်ချင်းပြော စိတ်ချင်းနားလည်တဲ့အဆင့့်ထိ ရောက်သွားပါတယ်။

ဝိဇ္ဇာတွေနဲ့ စိတ်ချင်းဆက်သွယ်ပြီး အချိန်မရွေး အလုပ်လုပ်လုပ်ရတတ်ပါတယ်။ စိတ်ချင်းဆက်သွယ်နိုင်တဲ့အဆင့်ကလည်း တကယ့်ပါရမီရှင်တွေမှ ရတတ်ပါတယ်။
တကယ်သာသနာချစ်ပြီး တရားကျင့်မှလည်း နတ်ဝိဇ္ဇာတွေက ချစ်ခင်လေးစားပြီး စိတ်မနောချင်းဆက်သွယ်နိုင်တဲ့
အဆင့်ရောက်တတ်ပါတယ်။

အားလုံးသာသနာကို ချစ်ခင်မြတ်နိုးပြီး တရားကျင့်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
အားလုံးကျန်းမာချမ်းသာပြီး သမထလမ်းစဉ်အောင်မြင်ကြပါစေ။

#credit org

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...