ဘာသာရေးများနှင့်မသက်ဆိုင်သောအမှောင်စွမ်းအင်တားမြစ်ခြင်းဆိုင်ရာဗဟုသုတများ

Astrology
ဘာသာရေးများနှင့်မသက်ဆိုင်သောအမှောင်စွမ်းအင်တားမြစ်ခြင်းဆိုင်ရာဗဟုသုတများ

📖{၁} ခရုစားရင် ပြုစားထားသမျှပျက်တယ် ။
📖{၂} ကြောင်ချီးနံ့ နံတဲ့အိမ်မှာ ဘယ်သူရဲ တစ္ဆေမှ မနေတော့ဘူး ။
📖{၃} ခေါင်ရမ်းရွက်ဟာ မသိုးမသန့်ကိစ္စတွေကို ဖယ်ရှားပေးတယ် ။
📖{၄} မှင်စာ အုပ်စုဆိုရင် ရှာလကာရည် အနံ့မခံနိုင်ဘူး ။
📖{၅} သလင်းကျောက်ရဲ့ ပေ၅၀အတွင်းမှာ ဝိညာဥ်သတ္တဝါမနေနိုင်ဘူး ။
📖{၆} သီချင်းဆိုပေးရင် ဂန္ဓဗ္ဗနတ်တွေချစ်တယ် ။
📖{၇} အိုးမဲ စတိသုပ်ရင် ပရလောကသားတွေမမြင်ရတော့ဘူး ။
📖{၈} သရက်ရွက် အိမ်မှာချိတ်ထားရင် ပရလောက အန္တရာယ်ကို ကာကွယ်တယ် ။
📖{၉} မိုးမခရွက် / ကိုင်းဟာ ပရလောသားတွေကို ဆုံးမလို့ရတယ် ။
📖{၁၀} ကျားပါးစပ်ပန်းလေးတွေဟာ ကပ်ဘေးကိုကာကွယ်နိုင်တယ် ။
📖{၁၁} နနွင်းမျိုးဂျင်းမျိုး အပင်တွေဟာ အိမ်ကိုကျက်သရေရှိစေတယ် ။
📖{၁၂} ဒန္ဒကူးပင် ပြည်လုံးချမ်းသာပင်တွေဟာ အိမ်တွေရဲ့မကောင်းတဲ့ အငွေ့အသက်ကို စုပ်ယူနိုင်တယ် ။
📖{၁၃} အမေ့ ခြေမှုန်ဟာ ကိုယ့်ခလေးကို ပရလောကသားတွေစီက ကာကွယ်နိုင်တယ် ။
📖{၁၄} ဘူးသီးခြောက်ဟာ ပရလောက သတ္တဝါအများစုကို စုပ်ယူ ဖမ်းချုပ်နိုင်တယ် ။
📖{၁၅} မီးဖိုလယ်ပြာ (စဖိုလယ်ပြာ)ဟာ
ပရလောက သတ္တဝါရဲ့ အဆိပ်ကို ပြေစေတယ် ။

📖{၁၆} မဆစ်ဆီဟာ စုန်းအတတ်ရဲ့အစွမ်းကို တားမြစ်နိုင်ပါတယ် ။
📖{၁၇} သပွတ်ခါးသီးခြောက်ဟာ ပြဿနာတွေကို စုပ်ယူဖယ်ရှားပေးတယ် ။
📖{၁၈}ရေခရာပင်အညွန့်ဟာ ကိုယ်ဝန်ဆောင်ကို ဒုက္ခပေးတဲ့ ဝိညာဥ်သတ္တဝါတွေကို တားမြစ်ပေးတယ် ။
📖{၁၉} ကြေး လက်ကောက် ငွေလက်ကောက်
ခြေကျင်း စတာတွေဟာ ကလေးငယ်ရဲ့ကိုယ်မှ မကောင်းတဲ့ အငွေ့အသက်နဲ့ ရောဂါကို ဖယ်ရှားပေးတယ် ။
📖{၂၀} အိပ်နိုးချမ်းသာဆိုတဲ့ ဂုန္နမံပင်တွေဟာ အိမ်တွင်းမှာစိုက်ရင် အိမ်မက်ဆိုးတွေကို တားမြစ်ပေးတယ် ။
📖{၂၁} လဲပင်(မှို့ပင်)အရွက်တွေဟာ ခေါင်းလျှော်ရည်အဖြစ်သုံးရင် ကံဆိုးမှုကို ဖယ်ရှားပေးပါတယ် ။
📖{၂၂} မက်မွန်သားတွေဟာ ပရလောက / ဒေဝလောကသားတွေကို နှိမ်နင်းနိုင်တယ် ။
📖{၂၃} သူတောင်းစားဆီက ပိုက်ဆံဟာအသည်းအသန် လူနာကို အသက်ဆွဲဆန့်ပေးနိုင်တယ် ။
📖{၂၄}ကြက်မွှေးကို ဇာမဏီမွှေးလို့ခေါ်ပြီး သတိလစ်နေသူကို ရိုက်ပေးရင် ထွက်သားတဲ့ စိတ်ဝိညာဥ်ကို ပြန်ခေါ်ပေးလို့ သတိပြန်ရစေတယ် ။
📖{၂၅}တရော် ကင်ပွန်းဟာ ကံကောင်းစေခြင်း မသန့်တာကိုသန့်စေခြင်း ၊ စွမ်းအင်ကို ဖြစ်စေခြင်း ဂုဏ်ရှိပါတယ် ။
📖{၂၆} ပျားသလက်အဟောင်း ရဲ့စွမ်းအင်က
စုပေါင်းအားနဲ့ ကာကွယ်ခြင်းလို့ အဓိပ္ပါယ်ရတယ် ။ စုန်းမပြုစားဖို့ ဆောင်ကြတယ် ။
📖{၂၇}ငါးဥသီးရဲ့ အပင်မှာ စူးလေးတွေပါတယ် ။ အဲဒါက ပရလောကသားတွေကို တားမြစ်စေတယ် ။ သူ့အနံ့ကိုက အငွေ့ ဝိညာဥ်တွေ ကြောက်ကြလို့ ရှေးကဆို မီးရှို့ပြီးအငွေ့ပေးကြတယ် ။
📖{၂၈}တောထန်းကိုတော့ တန်းထောဆိုပြီး ယူဆကြလို့ လာဘ်ရွှင်အပင်လို့ခေါ်တယ် ။ မှော်ပညာမှာကျတော့ တောထန်းရဲ့အပင်က အမျှင်တွေကို ပယောဂ ပိုက်ကွန်အဖြစ်သုံးရပါတယ် ။
📖{၂၉}ဆူးနဲ့ သစ်မင်းပင်တွေဟာ သစ်ကြမ်းကို နိုင်တယ်ဆိုပေမဲ့ တကယ်မနိုင်ဘူး ။ သူက ပယောဂပညာမှာ ရေသရဲ နဲ့ ရေမီးစုန်းကိုနိုင်လို့ သင်္ဘောတွေမှာရှေးက စိုက်ကြတာ ၊ အပင်ကြီးမျိုး သစ်မင်းကမှ သစ်ကြမ်းသစ်စုန်းကို နိုင်တာပါ ။
📖{၃၀} သြဇာရွက်သည် ဘုတ်တစ္ဆေဆိုတဲ့ ဘူတစ်ပိဿာစ ပူးဝင်နှောက်ယှက်တတ်သော သတ္တဝါရဲ့ စွမ်းအင်ကို တားမြစ်ပေးတယ် ။
📖{၃၁}ငရုပ်ကောင်းအဖြူစေ့ကို မီးရှို့ အငွေ့ပေးလျှင် မကောင်းဆိုးဝါးနှင့် မှော်စွမ်းအင် ထိခိုက်မှုပျက်ပြယ်ပါတယ် ။
📖{၃၂} ငရုပ်ကောင်းအနက်စေ့ မီးရှို့အငွေ့ပေးခြင်းဟာလာဘ်တိတ်ခြင်းကို ပျောက်စေပါတယ် ။ ရောဂါရခြင်းကို ကာကွယ်ပါတယ် ။

ရေးသားသူ –သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...