ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ

Astrology
ဝါ‌ခေါင်လအတွက် အကောင်းဆုံးယတြာ

ဝါခေါင်လဆန်း(၁)ရက်နေ့ (5.8.2024) မှ
ဝါခေါင်လကွယ်(2.9.2024)အထိ တစ်လတာလုံး
“ကြွေပန်းကန်ပြားထဲတွင် #ကွမ်းရွက်အသန့် တစ်ရွက်
ဖြန့်ခင်းပေးပါ။ထိုကွမ်းရွက်ပေါ်တွင် #မုန့်ညှင်းဆီ
(သို့မဟုတ်)#အုန်းဆီ ဖြင့် ဆီမီးထွန်း၍ တင်ပေးပါ။
ကွမ်းရွက်အနီး ပန်းကန်ပြားပေါ်တွင် ဆော့ပင်ဖြင့်
#ဧဟိလာဘံ ဟူ၍ ရေးပေးထားရပါ့မယ်။
ဤယတြာကို ဘုရားကျောင်းဆောင်တွင် တင်၍ မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ ပူဇော်ပေး‌နေရမည်။

ယခုလတစ်လတာတွင် #ကော်ဖီတစ်ခွက် ကို နေ့စဥ် မြတ်စွာဘုရားရှင်အား လှူဒါန်းပေးနေခြင်းဖြင့်လည်း
မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာ
ကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်

ဝါခေါင်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

◾️တနင်္ဂနွေနေ့=မြောက်အရပ်
◾️တနင်္လာနေ့=‌တောင်အရပ်
◾️အင်္ဂါနေ့=အရှေ့အရပ်
◾️ဗုဒ္ဓဟူးနေ့=အနောက်ရပ်
◾️ကြာသပတေးနေ့=အရှေ့အရပ်
◾️သောကြာနေ့=မြောက်အရပ်
◾️စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်
တိတိ ရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး
ယခု ဝါခေါင်လ တစ်လတာတွင် ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံစေ၍
စီးပွါးလာဘ်လာဘများ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို နေ့စဉ် ရက်တိုင်း နီးပါး
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခု ဝါခေါင်လအတွင်း ကံကောင်းခြင်းများ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

ကွမ်းရွက် ခြောက်သွေ့လာရင် ပြန်လည် လဲပေးနေပါ။
ဤယတြာကို ယခုဝါ‌ခေါင်လ တစ်လတာလုံး၌
မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ဝါခေါင်လတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...