အိမ်ထောင်မပြုခင် ရွေးချယ်နိုင်ရန်

Astrology
အိမ်ထောင်မပြုခင် ရွေးချယ်နိုင်ရန်

ပုံ ( 1 )
နှလုံးလမ်းကြောင်း သို့မဟုတ် နှလုံးလမ်းကြောင်းရဲ့
လမ်းအခွဲလေးတစ်ခုက အင်္ဂါအဖိုဂြိုလ်ခုံကို
ထိုးဆင်းခဲ့ရင် အိမ်ထောင်ရေးမှာ တည့်နေသည်က
ခပ်ရှားရှား၊ အမြဲလို စကားများ ရန်ဖြစ်တတ်လေသည်။ တကျက်ကျက် အိမ်ထောင်ရေးမျိုး ဖြစ်နေတတ်သည်။
ထိုသို့လမ်းကြောင်းပါက အိမ်ထောင်ဖက်ကို
သေချာရွေးချယ်သင့်သည်။

ပုံ ( 2)
အိမ်ထောင်ရေးလမ်းကြောင်းသည် အဖျားမှာ အခွဲ
အခွဲ ပါနေခဲ့သော်
လူမျိုးခြားနှင့်လည်း ရတတ်လေသည်။
အိမ်ထောင်ကျပြီးမှ တစ်နေရာဆီ ခွဲနေရပြီး
စီးပွားရှာနေရ၍ အတူနေချိန် နည်းပါးတတ်သည်။
အိမ်ထောင်ကျပြီးမှ ပြိုကွဲတာမျိုးလည်း ဖြစ်တတ်သည်။ ထိုကဲ့သို့ လမ်းကြောင်းပါရင်လည်း
အိမ်ထောင်ပြုရာတွင် သေချာရွေးချယ်သင့်သည်။

ပုံ( 3)
နှလုံးလမ်းကြောင်းသည် စနေဂြိုလ်ခုံအောက်
ဦးခေါင်းလမ်းပေါ်မှ အစပျိုးထားသည်။
ထိုသို့ နှလုံးလမ်းကြောင်း ပါရှိသူတို့သည်
စိတ်အလိုလိုက်မိတတ်ကြသည်။ အချစ်ရေး
အိမ်ထောင်ရေးမှာ မချစ်သင့်သော သူမျိုးကို
ရွေးချယ်မိတတ်ကြသည်။ ဘယ်ညာနှစ်ဖက်လုံး
ပါရှိသော် ပိုဆိုးတတ်သည်။
မိမိမှာပါရှိနေရင် အိမ်ထောင်ဖက်ကို သေချာ
ရွေးချယ်သင့်လေသည်။

ပုံ ( 4)
ကံလမ်းကြောင်းသည် သောကြာဂြိုလ်ခုံအတွင်းမှ
ထွက်ရှိထားလေသည်။ ထိုကဲ့သို့ ကံလမ်းကြောင်းပါရှိခဲ့ရင် ငယ်စဥ်ကပင် သံယောဇဥ် အနှောင်ဖွဲ့
များဖြင့် အတားအဆီးကြုံနေရတတ်သည်။
မိဘဆွေမျိုးကြောင့် အချစ်ရေးကြောင့် တိုးတတ်မှု
မရှိပဲ ဖြစ်နေတတ်သည်။
အိမ်ထောင်ရေးတွင်လည်း နှစ်ဖက် မိဘများကြောင့်
ကံဆိုးမှုများ ကြုံကာ ကွဲကွာတတ်လေသည်။
ဒီလိုလမ်းပါရှိရင်လည်း အိမ်ထောင်ဖက်ကို
ဂရုစိုက်ရွေးချယ်သင့်သည်။

ရေးသားသူ -ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...