ပရိသတ်တွေအရမ်းလွမ်းနေကြတဲ့ R ဇာနည် တို့မိသားစုပုံရိပ်လေး

Celebrity Local News
ပရိသတ်တွေအရမ်းလွမ်းနေကြတဲ့ R ဇာနည် တို့မိသားစုပုံရိပ်လေး

ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ကတော့ နွေဦး တော်လှန်ရေးမှာ အားသွန် ခွန် စိုက် ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅ဝ၅(က) ထုတ် ပြန်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ဘေး ကင်း ရာသို့ တိမ်းရှောင်ရင်း အမေရိကားနိုင်ငံသို့ မိသားစု လိုက် ပြောင်းရွှေ့ခဲ့ရပါတယ်။ အခု ချိန်မှာတော့ နိုင်ငံခြားမှာမိသားစုကို လူတန်းစေ့ထားနိုင်ဖို့ သမာအာဇီဝဖြစ်တဲ့ delivery အလုပ်၊ ဆူရှီလိပ်တဲ့အလုပ်တွေ လုပ်ကိုင်ရင်း ကြိုးစားနေတာဖြစ်ပါတယ်။

အားလပ်ချိန်တွေမှာတော့ သူ့ရဲ့ YoutubeChannel မှ တစ်ဆင့် သီချင်းလေးတွေ တင် ပေး တတ်ပါသေးတယ်။ သူ့ ရဲ့ကလေးတွေကို လည်း ပရိသတ်တွေက လွမ်းနေကြတာ ဖြစ်ပါ တယ်။ မကြာသေးခင်က R ဇာနည်ရဲ့ဇနီး ဝမ်း ရဲ့လူမှု ကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတစ် ချို့တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေ မတွေ့ရတာကြာပြီ ဖြစ်သော သမီး အငယ်ဆုံးလေးရဲ့လက်ရှိပုံရိပ် လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အငယ်ဆုံးလေး မစ်မစ်တုန်ဟာ တဖြည်း ဖြည်းနဲ့ အရွယ်ရောက်လာပြီး မအေတူသမီး လေး ဖြစ်တာကြောင့် အရမ်းကို ချစ်စရာ ကောင်းနေတာ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ် တွေလည်းRဇာနည်တို့မိသားစုလေးရဲ့ပုံရိပ်လေးကို ကြည့်ရှုပြီး အလွမ်းပြေနိုင်မယ်လို့ ထင်ပါ တယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...