မြန်မာနိုင်ငံရဲ့နာမည်ကြီးတောင်ပြုန်းပွဲနဲ့ ဘုရားပွဲတွေကို ရာသီအလိုက်ကျင်းပသွားဖို့စီစဉ်နေတဲ့ ဇာတ်မင်းသားဖိုးချစ်

Celebrity Local News
မြန်မာနိုင်ငံရဲ့နာမည်ကြီးတောင်ပြုန်းပွဲနဲ့ ဘုရားပွဲတွေကို ရာသီအလိုက်ကျင်းပသွားဖို့စီစဉ်နေတဲ့ ဇာတ်မင်းသားဖိုးချစ်

ပွဲကြိုက်တဲ့မြန်မာလူမျိုးတွေကတော့ ခေတ်အခါအရ ပျော်ပွဲရွှင်ပွဲတွေမလုပ်နိုင်အောင် ကျပ်တည်းနေကြပေမယ့်လည်းပွဲကိုမျှော်နေသူကများပါတယ်။ဒီထဲမှာမှ အနုပညာရှင်တွေကတော့ ၂၄နာရီပြုံးပျော်ပြနေလို့တောင်ပရိတ်သတ်တွေ အမြင်ကတ်ကြရပါတယ်။အမြဲပျော်ရွှင်နေတတ်တဲ့ ရေပေါ်ဆီအနုပညာသမားတွေရယ်လို့ နာမည်တစ်ခုရတဲ့အထိပျော်ရွင်နေတတ်တာအနုပညာသမားတွေပါပဲ။လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ စည်ကားသိုက်မြိုက်စွာကျင်းပနေကြဖြစ်တဲ့ တောင်ပြုန်းပွဲကြီးကို တောင်ပြုန်းမှာမကျင်းပနိုင်ပေမယ့် ဇာတ်သဘင်အဖွဲ့ကပဲ နေရာပြောင်းပြီးကျင်းပလာမယ်လို့ဆိုလာပါတယ်။

တောင်ပြုန်းပွဲဆိုတာ ဘုရားထက်ရိုးရာနတ်တွေကို ယုံကြည်ကိုးကွယ်လွန်းတဲ့မြန်မာလူမျိုးတွေအကြိုက်ဖြစ်ပြီး ခေတ်အခါမကောင်းပေမယ့် ဒီလိုပွဲမျိုးကိုကျင်းပစေချင်နေကြတဲ့သူတွေလည်းရှိပါတယ်။ဇာတ်မင်းသားဖိုးချစ်ကတော့ တောင်ပြုန်းမှာကျင်းပလိူ့မရတဲ့ဒီပွဲကြီးကို ဇာတ်သဘင်ခြံကြီးထဲမှာကျင်းပသွားမယ်လိူ့ဆိုပါတယ်။တောင်ပြုန်းပွဲဆိုတာ တောင်ပြုန်းမှာပဲကျင်းပတဲ့ပွဲဖြစ်ပြီး တစ်နိုင်ငံလုံးကလူတွေလာရောက်လည်ပတ်ကြတဲ့ပွဲတော်ကြီးပါ။ဒီလိုပွဲမျိုးကို သဘင်ခြံထဲမှာပြောင်းရွှေ့ကျင်းပမယ်ဆိုသော်ငြားလည်း တကယ့်တောင်ပြုန်းပွဲရဲ့အနှစ်သာရကိုရဖို့မလွယ်ပါဘုး။

ဒါ့အပြင် တောင်ပြုန်းဆိူတာပျော်ပွဲရွှင်ပွဲထက် ဆိုင်ရာပိုင်ရာတွေ အစောင့်အရှောက်တွေကို မိရိုးဖလာထုံးဝမ်းအစဉ်အလာရှိသူတွေက သွားရောက်ဂါဝရပြုကြတဲ့ပွဲကြီးဖြစ်တာမို့ သဘင်ခြံမှာကျင်းပတဲ့တောင်ပြုန်းပွဲကြီးက နာမည်သပ်သပ်သာရှိနေပါလိမ့်မယ်။

ဇာတ်မင်းသားဖိုးချစ်က တောင်ပြုန်းပွဲကြီးတင်မက တခြားသော စစ်ကိုင်းကငါးမျက်နှာဘုရားပွဲလို ၊မန္တလေးကကျောက်တော်ကြီးဘုရားပွဲလို နာမည်ကြီးဘုရားပွဲတွေကိုပါ သဘင်ခြံထဲမှာကျင်းပဖိူ့စီစဉ်နေပါသေးတယ်။အထက်မြန်မာနိုင်ငံအပြင် တစ်နိုင်ငံလုံးကနာမည်ကြီးတဲ့ ဘုရားပွဲတွေကိုသူ့ရာသီအလိုက်ကျင်းပသွားဖိူ့အတွက် အခုကတည်းကလည်းsetting တွေပြင်ဆင်နေပါသေးတယ်။ဒီပွဲတွေကိုလက်ရှိမှာ မင်းသားဖိုးချစ်နဲ့အတူ ဇာတ်သဘင်အဖွဲ့သားတွေကဖန်တီးပြင်ဆင်နေပါတယ်။ဒါ့ကြောင့် ဖိုးချစ်ရဲ့ဆရာ သျှန်ထွန်း(မြန်မာစာ)ကလည်း ပါဝင်ကူညီလုပ်ကိုင်ပေးနေရပါတယ်။

ဆရာသျှန်ထွန်းကမိသားစုပြဿနာတွေ ၊သားရေးသမီးရေးတွေကြောင့် ပဋိဝေဒဒုက္ခမီးကိုခံစားနေရလို့ ဘုန်းကြီးတောင်ဝတ်ခဲ့ရသူပါ။သို့ပေမယ့်လည်းလက်ရှိမှာတော့ လူပြန်ထွက်လာပြီးအနုပညာအလုပ်တွေမအားမလပ်အောင်လုပ်ကိုင်ရင်း အပူတွေဖြေဖျောက်နေရပါတယ်။ဆရာသျှန်ထွန်းကလက်ရှိမှာ ရုပ်ရှင်ကားဇာတ်ဝင်တေးတွေရေးနေသလို ဇာတ်သဘင်က ကျင်းပမယ့်အခလို့ရာသီပွဲတွေအတွက်လည်း အလုပ်တွေများနေပါသေးတယ်။ဒါ့ကြောင့် နောက်အိမ်ထောင်အပြင်သားနဲ့သမီးနဲ့ကိုပါခေါ်သွားပြီး ပျော်ရွှင်နေတဲ့သူတွေကိုစိတ်ထဲကထုတ်ထားနိုင်နေပါတယ်။

ဇာတ်သဘင်အဖွဲ့ကတော့အမြော်အမြင်ရှိတဲ့ဇာတ်မင်းသားဖိုးချစ်ဦးဆောင်ထားတာကြောင့် အခုလိုပွဲတွေစီစဉ်နေရခြင်းကလည်းအကြောင်းအရင်းတစ်ရပ်ရှိနေပါလိမ့်မယ်။မင်းသားဖိုးချစ်က လက်ရှိမှာလည်း ခေတ်ကာလအနေအထားအရကျပ်တည်းနေတဲ့ သဘင်လောကသားတွေကို စီးပွါးရေးပြေလည်အောင်ပွဲတွေစီစဉ်ပေးထားပါသေးတယ်။ဖိုးချစ်ကရုပ်သံလိုင်းတွေနဲ့ချိတ်ဆက်ပြီး “မမေ့စေချင်ဇာတ်သဘင်”ဆိုတဲ့အစီအစဉ်ကိုလည်း ရိုက်ကူးထုတ်လုပ်နေပါသေးတယ်။ဒီပွဲမှာလည်း ဇာတ်သဘင်လောကက အဆင်မပြေကြတဲ့ လူရွှင်တော်တွေကိုနေရာပေးထားပြီး ဝါရင့်ရှားပါးလူရွှင်တော်ကြီးတွေကိုလည်း ပညာပေးလို့ရအောင်ထည့်သွင်းထားပါသေးတယ်။

အားလုံးခက်ခဲနေကြတဲ့အချိန်မှာ ပျော်ပွဲရွှင်ပွဲတွေရှိမှ စီးပွါးရေးပြေလည်ကြတဲ့ ဇာတ်လောကသားတွေအတွက်တော့ မင်းသားဖိုးချစ်ကအားကိုးစရာပါပဲ။ဒါ့ကြောင့်ပဲ ဖိုးချစ်က ပွဲတွေမကျင်းပနိုင်တဲ့အခုလိုအခြေအနေမျိုးမှာတောင် တောင်ပြုန်းနဲ့ဘုရားပွဲတွေကိုသဘင်ခြံထဲကျင်းပဖို့ အိုက်ဒီယာထုတ်ထားတာဖြစ်ပါလိမ့်မယ်။ပရိတ်သတ်တွေကတော အခုလိုနိုင်ငံရေးကြောင့် အားလုံးမပျော်မရွှင်ဖြစ်နေကြတဲ့အချိန်မှာ မလုပ်ဖြစ်တဲ့ပျော်ပွဲရွှင်ပွဲကို တကူးတကနေရာပြောင်းပြီးပြုလုပ်သွားမှာကိုမလိုလားကြပါဘူး။”နာရေးဖြစ်နေတဲ့အိမ်မှာ သီချင်းမဖွင့်သင့်သလို”အားလုံးမပျော်နေကြတဲ့အချိန်မှာ အနုပညာသမားတွေအနေနဲ့လည်း တိတ်ဆိတ်စွာနေပေးသင့်တယ်လို့ ဆိုနေကြပါတယ်။

ဖိုးချစ်ကဇာတ်သဘင်လောကအတွက် သက်သာချောင်ချိရေးတွေစဉ်းစားပြီးလုပ်ကိုင်ပေးနေပေမယ့် အခုအချိန်အထိတော့ ပရိတ်သတ်တွေနဲ့သူကိုယ်တိုင်တိုက်ရိုက်ထိတွေ့တာမျိုးမရှိသေးပါဘူး။ဖိုးချစ်ကနိုင်ငံရေးခံယူချက်တချိူ့ကြောင့်ဖမ်းဆီးခြင်းလည်းခံခဲ့ရဖူးတာကြောင့် အာဏာပိုင်တွေရဲ့စောင့်ကြည့်ခြင်းကိုခံနေရတဲ့အနုပညာရှင်တစ်ဦးပါ။ဒါ့ကြောင့်နောက်ပိုင်းမှာ ဖိုးချစ်ကနိုင်ငံရေးနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေမှာမပါဝင်ဖြစ်တော့ပဲ အနုပညာအလုပ်တွေနဲ့သာပရိတ်သတ်တွေကိုကျေးဇူးဆပ်ဖို့ကြိုးစားနေပါတယ်။သို့ပေမယ့် လက်ရှိမှာဖိုးချစ်ရဲ့အနုပညာလှုပ်ရှားမှုတွေက ပရိတ်သတ်အတွက်စိတ်အနှောင့်အယှက်ဖြစ်မလာစေဖိူ့ ဂရုပြုရမှာပါပဲ။

ရေးသားသူ – One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...