လက်ထပ်ပြီးသား အမျိုးသားတစ်ယောက်နဲ့ အထင်လွဲခံနေရလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Celebrity Local News
လက်ထပ်ပြီးသား အမျိုးသားတစ်ယောက်နဲ့ အထင်လွဲခံနေရလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

တစ်ချိန်က ဆရာဝန်တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးသလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ single mother တစ်ယောက်ဖြစ်ပေ မယ့်လည်း သန်မာတာကြောင့် လူအများရဲ ့လေးစားမှုကို ရရှိ နေသူတစ်ယောက်ပါ။ နန်းမြတ်ဖြိုးသင်းရဲ့ အမျိုးသားဖြစ်သူဟာ ၂၀၂၁ ခုနှစ်တုန်းမှာ ကိုဗစ်ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ရပါတယ်။

ဒါပေမယ့် နန်းမြတ်ဖြိုးသင်းကို အချိုတွေက အိမ်ထောင်ရှိတဲ့ အမျိုးသားတစ်ယောက်နဲ့အတူ အလှူအတူတူလုပ်တာကြောင့် မစာမနာဝေဖန်ခဲ့ကြပါတယ်။ နန်းမြတ်ဖြိုးသင်းက ဇွန်လမှာ သူငယ်ချင်းဖြစ်တဲ့ဆရာဝန်တစ်ယောက်နဲ့အတူ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသားကျောင်းသူ အယောက် ၄၀၀ စာအတွက် ကျောင်းသုံးစာရေးကိရိယာပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို သွားရောက်လှူဒါန်းခဲ့ပါ တယ်။ အဲဒီသူငယ်ချင်းနဲ့ နန်းမြတ်ဖြိုးသင်းက ငယ်ငယ်ကတည်း က အတူတူစာကျက်ဖော်တွေဖြစ်ခဲ့ကြသလို ဆေးကျောင်းမှာ လည်း အတူတူတက်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်လုံးက ဇွန်လမှာပဲ မွေးတဲ့သူတွေဖြစ်တာကြော င့် အတူတူပေါင်းပြီး အလှူလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် အချို့တွေငတေ,ြ နန်းမြတ်ဖြိုးသင်းကို အိမ်ထောင်ရှိတဲ့အမျိုးသားတစ် ယာက်နဲ့ အလှူလုပ်တယ်ဆိုပြီး မဆီမဆိုင်အပြစ်ရှာကြပါတယ်။ နန်းမြတ်ဖြိုးသင်းက ဒီလိုတွေ ဖြစ်လာမှာကို ကြိုသိပြီးသား ဖစ်တာကြောင့် အလှူလုပ်တဲ့နေ့မှာ သူငယ်ချင်းရဲ့ အမျိုးသမီး ဖစ်သူကိုပါ ခေါ်လာခဲ့ဖို့ ပြောခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ ကြိုးစားနေရပေမယ့်လည်း မဆီမဆိုင်သူတွေကြောင့်ပြန်လည်ဖြေရှင်းနေရတဲ့နန်းမြတ်ဖြိုးသင်းအပေါ်ပရိသတ်ကြီးရဲ အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...