အနုပညာအတွက် ဆံပင်ကိုစွန့်လွှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မင်းသားနေဝင်းပြောပြလာ

Celebrity Local News
အနုပညာအတွက် ဆံပင်ကိုစွန့်လွှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး
မင်းသားနေဝင်းပြောပြလာ

လက်ရှိမှာ မင်းသားကြီးတွေဖြစ်တဲ့ နေတိုးတို့ မြင့်မြတ်တို့ကိုကျော်ပြီး နာမည်ကြီးနေသူကတော့ အဆိုတော်၊မင်းသား ဦးနေဝင်းပါ။တစ်ကားထဲရိုက်ပြီးတစ်ကားတည်းနဲ့ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်သွားတာကြောင့် သူ့ရဲ့ စန်းကိုတော့ လူအများကအားကျနေခဲ့ရပါပြီ။မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာလွယ်ကူတဲ့ အရာမဟုတ်သလို အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့ အများကြီးကြိုးစားအားထုတ်ခဲ့ရပေမယ့် နေဝင်းကတော့ တစ်ကားနဲ့ ပေါက်သွားခဲ့တာကြောင့် လူတိုင်းအားကျခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုတော်ဘဝမှာ အောင်မြင်ဖို့ အရမ်းကြိုးစားခဲ့ရပေမယ့် မင်းသားတစ်ယောက်ဖြစ်လာဖို့က သူ့အတွက် Easy going ပါဘဲ။နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားအားထုတ်ခဲ့မှသာ ပရိတ်သတ်လက်ခံ‌အားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာပါ။နေဝင်းက သရုပ်ဆောင်လောကကို ရည်ရွယ်မိုးဇာတ်ကားနဲ့ ဝင်ရောက်လာခဲ့ပြီး အဲ့ဒီ့ဇာတ်ကားမှာတင် နာမည်ကြီးတဲ့ မင်းသားတစ်လတ်ဖြစ်လာခဲ့သလို အကယ်ဒမီနေဝင်းဆိုပြီးဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရည်ရွယ်မိုးဇာတ်ကားမှာ ကျော်ရဲအောင် ၊ ရဲရင့်အောင် ၊ မေမြင့်မိုရ် ၊တို့နဲ့အတူ အကောင်းဆုံးကြိုးစားကာပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ နေဝင်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်နေခဲ့ပေမယ့်လည်း အပိုအလိုမရှိဘဲ အကောင်းဆံုးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် လူအများစုရဲ့ အားပေးခြင်းကိုရရှိခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၂၃ ခုနှစ်အကုန်မှာတော့ နေဝင်းဆိုတဲ့ နာမည်ဟာ သရုပ်ဆောင်လောကထဲမှာ အချိန်တိုအတွင်းရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပရိတ်သတ်အများစုကလည်း နေဝင်းရဲ့ သွေးအေးအေး မာန်ပါပါသရုပ်ဆောင်တတ်မှုကြီးကိုချီးကျူးခဲ့ကြသလို အိုဗာမတင်းတဲ့ သူ့ရဲ့အိုက်တင်တွေက ဝါရင့်မင်းသားကြီးကျော်ဟိန်းနဲ့တူတယ်ဆိုပြီးတော့ပါ ထင်ကြေးပေးခြင်းကိုခံထားရတာဖြစ်ပါတယ်။

နေဝင်းကသူ့ဘဝရဲ့ ပထမဆုံးအကယ်ဒမီဆုကြီးကိုပါ ၂၀၂၃ နှစ်မှာရရှိပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်မိုးဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုရရှိသွားခဲ့သလို သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီး တစ်ကားနဲ့တင်အကယ်ဒမီဆုရရှိသွားတာကြောင့် နေဝင်းအနေနဲ့လက်ရှိမှာ ထိပ်တန်းမင်းသားစာရင်းကိုရောက်ရှိလို့နေခဲ့တာဖြစ်ပါတယ်။

၂၀၂၃/၂၀၂၄ နှစ်တွေက နေဝင်းအတွက်အကောင်းဆုံးတွေဖြစ်ခဲ့တဲ့နှစ်တွေလို့ဆိုလို့ရပါတယ်။အိမ်ထောင်လည်းကျခဲ့သလို ၊ကလေးလည်းရခဲ့ပြီး အနုပညာလောကမှာ အကယ်ဒမီရမင်းသားတစ်လတ်ဖြစ်ခဲ့တဲ့အထိပါဘဲ။မင်းသားနေဝင်းကတော့ သူ့ရဲ့အနုပညာတွေကို ချပြခဲ့တာ အခုဆိုရင် ဇာတ်ကား ၅ကားမြောက်ဖြစ်နေပါပြီ။ရိုက်ကူးခဲ့ရတဲ့ဇာတ်ကားတိုင်းကလည်း သူ့ရဲ့အပြင်ပုံစံ ဂျစ်တီးဂျစ်ကန်အတိုင်းပါဘဲ။

ဇာတ်ကား၄ကားလုံးမှာ ပရိတ်သတ်အားပေးမှုကို ရသလို အနုပညာရှင်တွေဆီကပါ ချီးကျူးခံနေရတဲ့ အထိ သူ့ရဲ့ အနုပညာက ထူးချွန်ခဲ့တာပါ။အခုရိုက်ကူးထားတဲ့ မီးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စီနီယာမင်းသားတစ်ယောက်ဖြစ်တဲ့ အေးချမ်းမောင်က နေဝင်းကို တော်ကြောင်းပြောပြခဲ့ပါသေးတယ်။အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ပြောရမယ့် စကားတွေကအစ ကိုယ်ပိုင် own tune တွေကို ပြောတတ်သလို သူ့ကိုပါသင်ပြပေးနေတဲ့ အထိ နေဝင်းရဲ့ အနုပညာအရည်အသွေးက ထူးခြားပြောင်မြောက်နေခဲ့တာလည်းဖြစ်ပါတယ်။

နေဝင်းတစ်ယောက် မီးဇာတ်ကားထဲမှာ ပုံစံ၃မျိုး၊ဘဝ၃မျိုးနဲ့ သရုပ်ဆောင်ရပေမယ့် သူ့ရဲ့ ဆံပင်အရှည်ကို မညှှပ်ဘဲ ပုံစံအမျိုးမျိုးပြောင်းသွားတာကို ပရိတ်သတ်တို့မြင်တွေ့ရမှာပါ။အနုပညာကို တကယ်ချစ်မြတ်နိုးတဲ့ လူကဇာတ်အတွက် ဆံပင်ညှပ်ကြသလို လိုအပ်ရင် ကတုံးပါတုံးတဲ့ အနုပညာရှင်တွေရှိသလို ဆံပင်ကို အထိမခံတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။

အခုလည်း သူ့ရဲ့ ဆံပင်နဲ့ ပတ်သက်ပြီး ဇာတ်ကားအရ လိုအပ်ရင် ညှပ်မှာလားဆိုပြီး မေမြန်းတာတွေရှိလာခဲ့ပါတယ်။နေဝင်းကတော့ အဆိုတော်လောကထဲကို ဝင်လာကတညး်က ဆံပင်ရှည်ထားခဲ့တာအခုအချိန်ထိပါဘဲ။အလွှာပေါင်းစုံမှာ ဆံပင်အရှည်ကရှိကြပြီး သူတောင်းစားလည်း ဆံပင်ရှည်သလို၊ပိုက်ဆံရှိတဲ့လူ၊အရူး ဘယ်လိုလူမျိုးမဆိုဆံပင်ရှည်ရှိကြတယ်ဆိုပြီး စကားကို လှည့်ပတ်ပြောနေပါသေးတယ်။နေဝင်းကတော့ ဆံပင်တို့နဲ့ဒွေးကေဆိုပြီး ပရိတ်သတ်တွေကြားအထင်ကရ ဖြစ်ခဲ့သလို ဆံပင်အရှည်နဲ့ ဆိုရင် နေဝင်းကေဆိုပြီးဖြစ်အောင် ရည်ရွယ်ပြီးရိုက်ကူးနေခဲ့တာပါ။

နေဝင်းက မင်းသားဖြစ်တာမကြာသေးပေမယ့် ဆံပင်ညှပ်မှရမယ်ဆိုရင် ညှပ်ဖို့ အဆင်သင့်ဘဲလို့ဆိုပါတယ်။လက်ရှိမှာ အရှည်နဲ့ရိုက်ရလို့ ရိုက်နေပေမယ့် လိုအပ်ရင်တော့ ညှပ်သွားမယ်ဆိုပြီး အနုပညာပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ရေးသားသူ – One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...