ကိုယ့်ဟာကိုယ်စိတ်အားတက်အောင် ရိုက်ထားတာလေးတွေကို တင်ပေးလိုက််တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း
ပရိသတ်ကြီးရေ.. အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါ တယ်။ နိုင်ငံရေးပဋိပက္ခတွေဖြစ်စဉ်ကတည်းက အမှန် တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ ပြည်သူတွေကိုမေ့ပြီး ဝမ်းရေးကိုပဲ အသည်းအသန်ရှာဖွေမနေချင်ဘူးလို့ ပြောလာပါတယ်။
ဖြူဖြူကျော်သိန်းက အားလုံးသိပြီးတဲ့အတိုင်း ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ မြန်မာ့ဂီတလောကမှာ ထိပ်တန်းနေရာ ရယူထားနိုင်တဲ့ အဆိုရှင်တစ်ဦးပါ။အဆိုတော် ဖြူ ဖြူကျော်သိန်းက မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ သူမကိုလွမ်းနေမဲ့ပရိသတ်တွေအတွက် ပုံလေးတွေအမှတ်တရ ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ ” Lyon မြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဖို့၊ သီချင်းဆိုဖို့ ပြင်ဆင်ထားတာ ၂ လလောက်ရှိပြီ။
အရင်အပတ်က ခရီးတစ်ခုသွားရင်း ခြေထောက် တစ်ဖက် nerve pain ပြန်ရလာလို့၊ ဆရာဝန်က ၂ ပတ်နားရမယ်ပြောတာနဲ့ မသွားဖြစ်တော့တာ
စောင့်နေကြတဲ့ အမျိုးတွေကို အားနာနာနဲ့ ဒီကနေတောင်းပန်ပါရစေနော်
ပုံလေးတွေက အရင်အပတ်ခရီးသွားရင်း တအားပြန်မနာလာခင်က ရိုက်ထားတာလေးတွေကို ကိုယ့်ဟာကိုယ် စိတ်အားတက်အောင် တင်လိုက်တာနော်။ Positive vibe only တို့ဘာတို့ပေါ့။
အပျိုရီးဆိုတော့ နည်းနည်းချူချာတယ်လေ(ဒါကတော့ ဈေးဗန်း)။
If I can’t walk, I will crawl but I will never stop and I will come back to you
မကြာခင် ပြန်ဆုံမယ်နော်။”ဆိုပြီးဝေမျှလာတာပဲဖြစ်ပါတယ်။
ရေးသားသူ –let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။