ကိုယ်တိုင်လည်း စနှိုက်ကျော်ဖြစ်ဖူးသူမို့ ကိုယ့်ကိုဖောက်ပြန်ရင် လက်ခံပေးမယ့် ခြူးလေး

Celebrity Local News
ကိုယ်တိုင်လည်း စနှိုက်ကျော်ဖြစ်ဖူးသူမို့ ကိုယ့်ကိုဖောက်ပြန်ရင် လက်ခံပေးမယ့် ခြူးလေး

တတိယနေရာကနေ စနှိုက်ခဲ့ဖူးတဲ့ ခြူးလေးရဲ့ အချစ်ရေးအကြောင်းကတော့ ပရိတ်သတ်တွေကြားပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ အပြုအမှု ၊ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ခြူးလေးကိုတော့ ပရိတ်သတိတွေက Tiktok video ကနေသိခဲ့ကြတာပါ။Tiktok video ကနေ လူသိများလာပေမယ့် MRTV-4 ဇာတ်လမ်းတွဲတွေရိုက်ကူးချိန်မှာ‌ေတော့ အားပေးသူပရိတ်သတ်များစွာရှိခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ခြူးလေးကတော့ သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်တာကြောင့် MRTV-4 မင်းသမီးဘဝကနေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဇာတ်ဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။ချောမောလှပတဲ့ ရုပ်ရည်နဲ့ ‌ပြောစရာမလိုတဲ့ သရုပ်ချက်တွေကြောင့် အားပေးတဲ့ ပရိတ်သတ်လည်းများခဲ့သလို လိုချင်တဲ့ အမျိုးသားတွေက ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။အနုပညာလောကမှာရော၊အပြင်မှာပါ ပိုးပန်းသူတွေများခဲ့တဲ့ မင်းသမီးချောခြူးလေးကတော့အစစအရာရာပြည့်စုံနေတဲ့ အခုအချိန်သူ့မှာမပြည့်စုံသေးတဲ့ လက်တွဲဖော်ပါ။

လက်တလော အဆိုတော် Jay နဲ့သူ့ရဲ့ပြောဆိုပုံဆက်ဆံရေးကြောင့် ပရိတ်သတ်တွေက ချစ်သူတွေလို့ထင်ခဲ့ကြပေမယ့် Jay ဘက်ကပြတ်ပြတ်သားသားငြင်းခဲ့ပြီးသားဖြစ်ပါတယ်။ခြူးလေးက လတ်တလောမှာ အချစ်ရေးနဲ့ ပတ်သက်ရင် သိုဝှက်လွန်းပါတယ်။အရင်က ချစ်သ‌ူတွေရှိခဲ့ပေမယ့် အကြောင်းအမျိုးမ‌ျိုးကြောင့်ပျက်ကုန်ကြပြီး နောက်‌ဆုံးထားခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ချိန်မှာတော့ အချစ်ရေးအကြောင်းထုတ်မပြောတော့ပါဘူး။လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့် နောက်ဆုံးထားခဲ့တဲ့ ချစ်သူက အိမ်ထောင်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေတာကြောင့် ပရိတ်သတ်တွေကြားပြောစရာဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

ခြူးလေးတစ်ယောက် နိုင်ငံခြားက Shopping center တစ်ခုရဲ့ လူမြင်ကွင်းမှာအိမ်ထောင်သည်အမျိုးသားနဲ့ အနမ်းတွေဖလှယ်နေတဲ့ ပုံက ပရိတ်သတ်တွေကြပျံနှံ့လာပါတယ်။သူ့ရဲ့ ပုံတွေကြောင့် သူတွဲနေတဲ့အမျိုးသားဟာ အိမ်ထောင်သည် ကလေးအဖေဆိုတာကို သိခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီ့အချိန်ကတညး်က ဝေဖန်မှုတွေကြောင့် အချစ်ရေးနဲ့ ပတ်သက်ရင်ငြိမ်ခဲ့တဲ့ ခြူးလေးက အခုအခါမှာတော့ သူဖြစ်ချင်တဲ့ အချစ်‌ေရးပုံစံကိုပြောလာခဲ့ပါတယ်။

ခြူးလေးက တခြားအမျိုးသမီးတွေရဲ့စိတ်အတိုင်းပါဘဲ။သူ့ကို လိမ်ပြီး မဟုတ်တာလုပ်ခဲ့ရင် ဆက်တွဲဖို့အဆင်မပြေဘူးလို့ဆိုပါတယ်။မိန်းက‌‌ေလး‌ေတွက သူတို့ချစ်သူ သူတို့အပေါ်မှာ လိမ်တာ၊ဖောက်ပြန်တာကို ဘယ်မိန်းကလေးကမှ မကြိုက်တာက တကယ်ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့သဘာဝပါဘဲ။အခုလည်း ခြူးလေးက မိန်းကလေးတစ်‌ေယာက်ဘဲမို့ လိမ်တာမကြိုက်တဲ့ အချက်ဟာ မိန်းကလေးတိုင်းနဲ့တူပေမယ့် မတူတာကတော့ ပေါ်တင်‌ေ‌ပြာပြီး ဖောက်ပြန်ရင် လက်ခံနိုင်လိမ့်မယ်ဆိုတာပါဘဲ။ခြူးလေးကတော့ အချစ်ရေးမှာ အရမ်းချစ်တတ်သူတစ်ယောက်လို့ပြောရမှာပါ။

သူ့ဘက်က စပြီးမဖောက်ပြန်သလို အဆုံးထိချစ်ဖို့ ရည်ရွယ်ရှိပေမယ့် ချစ်သူကိုလည်း အကောင်းဆုံးဖြစ်စေချင်နေတာလည်းဖြစ်ပါတယ်။အချစ်ရေးမှာ နက်နက်နဲနဲ ချစ်တတ်တဲ့ မင်းသမီးခြူးလေးကတော့ လူတစ်ယောက်ကိုချစ်ပြီဆိုရင် သူ့ကိုယ်သူ မမြင်နိုင်တဲ့ အထိ ချစ်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ကိုသာအချစ်တွေပေးရင် သူ့ဘက်က ပိုပြီးချစ်ပြတတ်တဲ့ မိန်းကလေးမျိုးပါ။သူ့အေပါ်မကောင်းတဲ့ ချစ်သူနဲ့ ရေစက်ဆုံခဲ့ရင်တောင် သူ့ဘက်က ချစ်တဲ့ စိတ်နဲ့ သည်းခံနိုင်သလောက်သည်းခံပေးဖို့ အစီအစဉ်ရှိသလို ပြောပြီး ဖောက်ပြန်ရင်တောင် သူ့ဘက်က ခွင့်လွှတ်ပေးဖို့ အထိ စိတ်ကူး‌ရှိနေသူလည်းဖြစ်ပါတယ်။

ခြူးလေးကတော့ ဖောက်ပြန်တာကို သူများပြောမှသိရင် ခွင့်မလွှတ်နိုင်သလို သူ့က ဟင့်အင်းဆို သကြားမင်းတားရင်တောင် ဟင့်အင်းဘဲ လို့ပြတ်သားစွာပြောလာပါတယ်။ကြိုမပြောထားရင်သာ ခွင့်မလွှတ်နိုင်ပေမယ့် ကြိုပြောပြီး ဖောက်ပြန်ရင်တော့ သူ့ဘက်က နားလည်ပေးနိုင်ရင် နားလည်ပေးဖြစ်မယ်လို့ဆိုပါတယ်။သူ့ရဲ့ အချစ်ရေးDefination ကတော့ အများနဲ့ မတူ တမူထူးခြားနေပါတယ်။ဘယ်အမျိုးသမီးကမှ ကိုယ့်ချစ်သူဖောက်ပြန်တာမလိုချင်ပေမယ့် ခြူးလေးကတော့ အရင်က သူ့ရဲ့ စနှိုက်ခဲ့ဘူးတဲ့အတိတ်ကြောင့် ဖောက်ပြန်တာကို လက်ခံပေးမယ်ဆိုတဲ့ စကားထွက်လာတယ်ဆိုပြီး ပရိတ်သတ်တွေက ယူဆနေခဲ့ကြပါတယ်။

တော်ရုံအမျိုးသမီးတစ်ယောက်က ဘယ်လောက်ဘဲချစ်ချစ် ခွင့်မလွှတ်နိုင်တဲ့ အရာဟာ ဖောက်ပြန်ခြင်းပါဘဲ။အဲ့လိုမျိုး ဘယ်သူမှခွင့်မလွှတ်နိုင်တဲ့ ကိစ္စမျိုးကို ခြူးလေးခွင့်လွှတ်ပေးနိုင်လောက်တဲ့အထိ အချစ်ခံရမယ့်အမျိုးသားက ဘယ်သူဖြစ်မလဲဆိုတာက ‌ေတာ့စိတ်ဝင်စားစရာတစ်ခုလည်းဖြစ်ပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...