ကိုရီးယားနိုင်ငံကပေးအပ်တဲ့ scholarshipကို ထပ်မံရရှိလိုက်ကြောင်း ပရိသတ်ကြီးကိုဝေမျှပေးလာတဲ့ မာသထူဝါး

Celebrity Local News
ကိုရီးယားနိုင်ငံကပေးအပ်တဲ့ scholarshipကို ထပ်မံရရှိလိုက်ကြောင်း ပရိသတ်ကြီးကိုဝေမျှပေးလာတဲ့ မာသထူဝါး

ပရိတ်သတ်ကြီးရေ .. ဖိုးမူကြီးလို့ပရိတ်သတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကရင်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံး လိုချင်တယ်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါ တယ်..မာသထူးဝါးဟာ မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံကိုရောက်ရှိသွားပြီ ကျောင်းတက်ရင်းအနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်…

ဂီတမှာလည်း ထူးချွန်သလို ပညာရေးနဲ့ ပတ်သက်ပြီးလည်း Scholarship တွေရရှိထားတဲ့ မာသထူးဝါးဟာ ယခုနှစ်မှာလည်း သူမယခင်နှစ်ကရရှိထား တဲ့ Scholarship ကိုပဲဆက်လက် ရရှိခဲ့ပါတယ်.. မာသထူးဝါးက ယခင်နှစ်ကပဲ ရရှိထားတဲ့ ကိုရီးယားနိုင်ငံ CJ Company က ပေးအပ်တဲ့ ပညာသင်ထူးချွန်ဆု ကို ထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်…

မာသထူးဝါးကတော့ မိခင် ဖခင်မရှိတော့ပေမယ့် သူမဘဝကို သူမအကောင်း ဆုံးကြိုးစားနေပြီး ကျောင်းပညာရေးမှာရော ဂီတအနုပညာမှာပါ ထူးချွန်သူ လေးဖြစ်ပါတယ်.. မာသထူးဝါးလေး အခုထက်မက အောင်မြင်မှုတွေရရှိပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...