မြန်မာနိုင်ငံထဲမှာပဲ လေယာဉ်ပျက်ကျမလို ဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာတဲ့ အိုင်ရင်းဇင်မာမြင့်တို့ ဇနီးမောင်နှံ

Celebrity Local News
မြန်မာနိုင်ငံထဲမှာပဲ လေယာဉ်ပျက်ကျမလို ဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာတဲ့ အိုင်ရင်းဇင်မာမြင့်တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ….. အဆိုတော်မလေး အိုင်းရင်းဇင်မာမြင့်ကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း အခုဆိုရင် အောင်မြင်တဲ့ တေးသံရှင်တစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့် ဟာတေးဂီတနယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့သလို အိမ်ထောင်ကျပြီး သည့်တိုင်အောင်လည်း ပရိသတ်အတွက် သီချင်းတွေကို ဆက်လက်သီ ဆိုနေဆဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ လေယာဉ်ပျက်ကျမလိုဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ တွေ့ကြုံခဲ့တဲ့အကြောင်း အိုင်ရင်းဇင်မာမြင့်ရဲ့ ခင်ပွန်းက ပရိသတ်တွေကိုပြန်လည်ပြောပြပေးလာတာပဲဖြစ်ပါတယ်။”Trauma ရသွားတဲ့ မိန်းမ
နှစ်စပိုင်းက မင်္ဂလာမဆောင်ခင်ကပေါ့
တာချီလိတ်-ရန်ကုန် အပြန်မှာလေယာဉ် Delayဖြစ်တော့
တော်တော်မိုးချုပ်မှရန်ကုန်ကိုဝင်နိူင်ခဲ့တယ်


ည၈:၀၀ကျော်လောက်ထင်တယ်…..
လေယာဉ်ကတက်တက်ချင်း မိနစ် ၁၅မှာ
မှေးကနဲကျတော်အိပ်ပျော်ပြီးလှန့်နိူးသွားတော့
ချွေးတွေနဲ့ မိန်းမလက်ကိုကိုင်ပြီး မိန်းမရေ
ဒီလေယာဉ်က ငါတို့အတွက်လုံခြုံမူ့မပေးနိူင်လောက်ဖူး
ပြောပြီးစကားမဆုံးသေးဘူး လေယာဉ်က
ဘေးတဇောင်း ဇောက်ထိုးကြီး ပေတော်တော်များများ
ထိုးဆင်းသွားတော့ သူလည်းငို မှတ်မိသလောက်
ကျမ်းစာတွေလည်းအကုန်ဆိုကိုယ်ကကြောက်ဖို့တောင်
မေ့သွားပြီ သူ့ကိုပြန်ချော့နေရတာနဲ့ဒူးတွေကတော့
တုန်တာတော့တုန်တာပေါ့လေ😂
လေယာဉ်မယ် မမက မကြောက်နဲ့တဲ့ဒါဖြစ်နေကြပဲ
ညီတဲ့ လေတစ်စီးလုံး မိန်းမငိုသံကလွဲ
အားလုံးကတိတ်တိတ်ဆိတ်ဆိတ် ကြောက်နေကြတယ်
ကြည့်ရတာအဆင်သင့်ပြင်ဆင်နေပုံပါပဲ။
အဲ့ဒါနဲ့လေယာဉ်မယ်မမက ရော့ဒါလေးရှူလိုက်ဆိုပြီး
စက္ကူတွေးခံလေဖောင်းပြီးသူ့ကိုအသက်ရှူခိုင်းတော့
ရှူရှာတယ် အောက်ရောက်တော့မေးတယ် အဲ့ဒါဘာလို့ရှူ
ခိုင်းတာလဲတဲ့

ကြောက်တဲ့စိတ်ကနော် ဘာမှမသိတော့တာ
ကောက်ရိုးလေးတမျှင်ရရပေါ့
အဲ့အချိန်မှာသူအမြဲပြောနေကြစကားတခုရှိတယ်
အမေ မဆုံးခင်ကတည်းက အခုထိပြောနေတုန်းပဲ
လေယာဉ်ပေါ်ရောက်ရင် တခုခုဆို အောင်မြင်မူ့တွေ ငွေတွေ
ဘာမှသူမလိုချင်တော့ဘူးတဲ့

အဲ့ကတည်းက မိန်းမဖြစ်သူ trauma ရသွားရှာတယ်
လေယာဉ်စီးရင် တောင့်တောင့်ကြီး မအိပ်တော့ဘူး
ဘယ်သွားသွား
အခုလည်း ငိုမလိုရီမလိုမျက်နှာကြီးနဲ့
ခက်တယ်မာမားရယ်

စကားမစပ် မာမားရေ အခုခရီးစဉ်ကလည်း
တာချီလိတ်ပဲ
ဘုရားအမှုတော်အတွက်ဖြစ်တယ်နော်
စိတ်မပူနဲ့နော် ပါးရှိတယ်” ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...