သဘာဝအလှဆိုပြီး ပရိသတ်တွေကို လိမ်ညာနေတဲ့ မင်းသမီးတစ်ယောက်ကို ဒဲ့ဆော်လိုက်တဲ့ မင်းသမီး ချောရတနာ
ပရိတ်သတ်ကြီးရေ .. ချောရတနာက တော့ ဗီဒီယိုခေတ်မှာ တုန်းကလည်း နာမည်ကြီးခဲ့သလို ဇာတ်လမ်းတွဲတွေခေတ်စား နေတဲ့ လက်ရှိကာလမှာလည်း အောင်မြင်နေပါတယ်.. ချောရတနာဟာ အသက်(၄၀)ကျော်လာပြီဖြစ်သလို ကလေးနှစ် ယောက်မိခင်လည်းဖြစ်တာကြောင့် ဘော်ဒီနဲ့ အသားအရေကို ထိန်းသိမ်းနေပါတယ်..
ကိုယ်အလေးချိန်လည်းဝမသွားအောင် ထိန်းထားနိုင်သူဖြစ်ပြီး အလှအပအတွက်လည်းဆေးခန်းတွေမှာ ကုထုံးတွေနဲ့ နုပျို အောင်လုပ်နေပါတယ်..အလှအပဆေးခန်းကိုသွားပြီး နုပျိုအောင်လုပ်နေတဲ့အကြောင်းတွေကိုလည်း ပရိတ်သတ်တွေကို ဖုံးကွယ်မထားပါဘူး ..အသက်ကြီးလာတာနဲ့အမျှပေါ်ပေါက် လာတဲ့အရေးအကြောင်းတွေကို လှပအောင်လုပ်ထားရကြောင်း ကိုအမှန်အတိုင်းပြောထားသူပါ..
လွန်ခဲ့တဲ့ရက်သဘာဝအတိုင်းလှနေတယ်ဆိုပြီး ပရိတ်သတ်တွေကို လိမ်ညာနေတဲ့ မင်းသမီးတစ်ယောက်အကြာင်းကိုဖွင့်ချလိုက်ပါတယ်..”Filler Botex ထိုးထားတဲလူရှေ့မှာ မထိုးထားပါဘူး … မလိမ်နဲ့ ထိုးဖူးတဲ့သူ မင်းလိမ်နေမှန်းသိတယ်… အဲ့လောက်ပဲပြောမယ်.. ကျန်တဲ့ အရာလည်းအဲ့လိုပဲ” ဆိုပြီးပိုစ့်တင်ထားခဲ့ပါတယ်..
ဒီရက်ပိုင်းမှာ ပပဝင်းခင်က အင်တာဗျူးတစ်ခုမှာ အခု အသက်အရွယ်အထိလှပနေတာဟာ သဘာဝအလှအပသာဖြစ် ပြီး ဘာမှပြောင်းလဲပြုပြင်ထားတာမရှိကြောင်းပြောသွားခဲ့ပါ တယ်..ပရိတ်သတ်တွေကလည်း ပပဝင်းခင်ကို မြန်မာအွန်စော ဆိုပြီး တင်စားကာ သူ့ရဲ့နုပျိုမှုကို အားကျနေကြပါတယ်..
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။