အလင်းရောင်နဲ့သူမတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပရိသတ်ကြီးကိုဖွင့်ပြောပြလာတဲ့ ခင်ဝင့်ဝါ

Celebrity Local News
အလင်းရောင်နဲ့သူမတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပရိသတ်ကြီးကိုဖွင့်ပြောပြလာတဲ့ ခင်ဝင့်ဝါ

ပရိတ်သတ်ကြီးရေ .. တစ်နှစ်ထက်တစ်နှစ် ပိုငယ်လာသလားလို့ ထင်ရလောက်အောင် ပရိတ်သတ်မျက်လုံးထဲ ဘယ်တော့မှ အသက်မကြီးသွားတဲ့ “ခင်ဝင့်ဝါ” ဟာဆိုရင် လက်ရှိမှာ မင်းသားချော “အလင်းရောင်” နဲ့အတူဇာတ်ကားတွေတွဲဖက် ရိုက်ကူးနေတာဖြစ်ပါတယ်.. တစ်ခါတစ်ရံမှာ ရိုက်ကူးရေး အမှတ်တရလေးတွေကို သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်က ေ၀လေ့ရှိပြီး ဒီကနေ့အင်တာဗျူးမှာတော့ ရိုက်ကူးရေးက “အလင်းရောင်” အကြောင်းကို ဖောက်သည်ချလိုက်ပါတယ်..

“ခင်ဝင့်ဝါ” က “အလင်းရောင်”နဲ့ ဝင့်ဝါက သူငယ်ချင်းတွေပါ ပြောမနာဆိုမနာပဲ .. ပွင့်ပွင့်လင်းလင်းလည်းရှိတယ်.. သူနဲ့ဆို ရက်ရှာနည်းတယ်.. ဟန်ဆောင်တာတွေ ဘာတွေလည်းမရှိဘူး သူနဲ့ရိုက်ကွင်းမှာဆုံရင် ပျော်နေရတယ်.. မုန့်ဖိုးပေးတဲ့ကိစ္စ ကတော့ သူအရမ်းကပ်စေးနည်းတာပေါ့နော် .. တစ်ခါတစ် လေကျရင်လည်း ကျွေးပါတယ်..

သဘောကောင်းပါတယ်လို့ ကြားကောင်းအောင်ပြောပေးရတာ ပေါ့ .. ဝင့်ဝါနဲ့ သူက အနုပညာအလုပ်တွေလုပ်မှ စခင်တယ်ဆို ပေမယ့် သူငယ်ချင်းအရင်းအချာကြီးလိုပါပဲ.. တစ်ခုခုဆိုလည်း တိုင်ပင်လို့ရတယ်.. အနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာရော . တစ်ခြားကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာရော တိုင်ပင် ဆွေးနွေးလို့ရတယ်.. ရင်ဖွင့်လို့ရတယ်.. လို့ သူတို့နှစ်ယောက်ရဲ့ ကြားထဲက ဆက်ဆံရေးကို ချပြလိုက်ပါတယ်..

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...