အသက်(၄၀)ပြည့်နှစ်မှာ အခုချိန်ထိဘယ်လောက်ဝေးဝေး အတူရှိနေမြဲ ရှိနေရဲတဲ့ မိတ်ဆွေတွေကို တသက်မမေ့ဘူးဆိုတဲ့ ချစ်သုဝေ

Celebrity Local News
အသက်(၄၀)ပြည့်နှစ်မှာ အခုချိန်ထိဘယ်လောက်ဝေးဝေး အတူရှိနေမြဲ ရှိနေရဲတဲ့ မိတ်ဆွေတွေကို တသက်မမေ့ဘူးဆိုတဲ့ ချစ်သုဝေ

ပရိတ်သတ်ကြီးရေ .သရုပ်ဆောင်ချစ်သုဝေကတော့ မတူညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူကျရာ ဇာတ်ကောင်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။ချစ်သုဝေကသရုပ်ဆော င်ကောင်း တာအပြင် အသံပါဝါကောင်းကောင်းနဲ့တေးသီချင်း ကောင်းများစွာကိုလဲသီဆိုထားပါသေးတယ် ၊နောက်ပြီးတော့ချစ်သုဝေကချစ်ခင်ပွန်း အဆိုတော်လင်းလင်းနဲ့ချစ်စရာကောင်းတဲ့ အမွှာသမီးလေး၂ယောက်ကိုလဲပိုင်ဆိုင်ထားပါသေးတယ်။

အခုချိန်မှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် မိသားစုလိုက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်းနေရပြီး လွတ်မြောက်နယ်မြေမှာနေထိုင်နေတာပဲဖြစ်ပါတယ်။ချစ်သုဝေတို့မိသားစုက ထွက်ပြေးနေရတဲ့ကြားကနေ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ပံ့ပိုးပြီး ယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လမ်းနေတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ ချစ်သုဝေက သူမရဲ့ အသက် ၄၀ ပြည့်မွေးနေ့လေးမှာ သူမအနားမှာရှိတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားဆိုခဲ့တာပဲဖြစ်ပါတယ်။ “40”ဘုရားသခင်ကိုကျေးဇူးတင်တယ်။ ကောင်းချီးတွေခံစားစေသလို ဒုက္ခတချို့နဲ့ ဘဝကို ရှုထောင့်စုံက မြင်စေဖို့ ကြံ့ခိုင်စေဖို့သင်ကြားပေးလို့…

မေကြီး.. အားပါးတရ အရင်လို ပြန်စောင့်ရှောက်အမြဲအတူအနားနေခွင့်ရချင်တယ်….

Dae….ဒီချိန်ရှိနေရင်လို့ ကလေးဆန်ဆန်တွေးနေမိတုန်း.အိမ်မက်ထပ်ဆင့်တွေမက် တကယ်ပြန်ရှိလာတယ်ထင်တုန်းပါ dae..

မာကွတ်…”တသက်လုံးမင်းအဆင်ပြေဖို့ပဲနေပေးရတာဆိုတဲ့ “သူ”..ကိုယ့်အလှည့်ကျ ကိုယ့်ကြောင့်မျိုးစုံ အထီးကျန်ဖြစ် အဆင်မ​ပြေဖြစ်ရရှာတာသိတယ်နော်”🥹

Hubbyတုတ်….”သာမန်ကြည့်ရင် ကိုယ်က ပိုချစ်သလိုနဲ့ တကယ်တမ်းမှာ အခက်အခဲတွေ အကြပ်အတည်းတွေကြုံလာလေ ကိုယ့်အပေါ် ညှာပေးနားလည်ပေး ပိုချစ်ပေးတဲ့အတွက် ေကျးဇူးတင်တယ်။ မေသိတယ်နော် တခါခါ မေတို့အတွက် ဖေ့ဆန္ဒတွေ အနောက်ပို့ရတာတွေရှိနေတာ”🥹

မေ့အသည်းတုံးတွေ…”မေ့သမီးလေးတွေအဖြစ် ရောက်လာပေးတာကိုက မေမေက ကံအကောင်းဆုံးလူဖြစ်နေပြီးပြီ”🩷
Ggလေးတွေ…”ဆက်ဆက်ပြန်တွေ့မယ် လူပေါ်ကျော့ ရေပေါဆီဆန်တဲ့သူတွေထဲမပါစေနဲ့ ဒီအမက ဂုဏ်ယူနေချင်တာ”

ဒီကာလထိ ဘယ်လောက်ဝေးဝေးအတူရှိနေမြဲတဲ့ အတူရှိနေရဲတဲ့ မိတ်ဆွေတွေ …”တသက်မမေ့ဘူး”🤍
နောက်ဆုံးကတော့ “တို့လူ” တွေ …”ပန်းတိုင်းမြင်ရသည်ထိ မိသားစုတွေနဲ့ကိုယ်စီပြန်ဆုံရသည်ထိ ဒီအမ က လူအနားမှာမရှိနေနိုင်သည့်တိုင် နိုင်ရာအမြဲထမ်းလို့သစ္စာမပျက်စေရဘူး။ ဘယ်နေရာရောက်ရောက်အတူရုန်းနေမယ်။ တို့လူ အားလုံးဟာ အမ မိသားစုပဲ။ တလရ အ ပေါ် မလှိမ့်တပတ်မလုပ်ဘူး။ အညွန့်မခူးဘူး။ ခံရဲတယ်။ ဆက်လျောက်မယ်။ ဒီခရီးစကတည်းက ဘယ်excuseမှမပေးသလို.ဆုံးသည်ထိလည်း ရှိနေမယ်”

စာကြွင်း

၁။ ဒီjellyတုံးက ၄၀ပြည့်ပေမယ့် သူ့ သဘာဝကြီးက
ငစား
ပျော့သလို မာသလို ဂျီသလို အီသလို အချစ်ခံချင်လွန်းတဲ့ မိန်းမကြီးအဖြစ်ပဲ ဆက်ရှိနေဦးမှာပါ…ဆိုတော့ အနားရှိတဲ့သူများ ဖိုင်တင်း အန် ဂွတ်လပ်က်
၂။Macramé Mtvနော် တင်ရင်နော် သေချာ ၁၀ခေါက်လောက်စီကြည့်နော် အနားရှိလူအကုန် ရက်ကပ်မှ မဖြစ်ဖြစ်အောင်ကြိုးစားပေးထားကြတာနော်

ဆိုတော့ ….ကြည့် ဒါပဲ ဂွပ်
၃။ဒီနေ့တရက် စိတ်လွတ်လက်လွတ်နေပါရစေနော်စိတ်ထဲတင်းခံထားသမျှခဏလွှတ်ပေးပါရစေလို့။ ကိုယ့်အတွက်လေးတရက်တွေးပြီးနေပစ်မို့
Excuse my selfishness for a day” ဆိုပြီး အသက် ၄၀ ပြည့်မွေးနေ့အတွက် အမှတ်တရဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...