အသက်(၉၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ အဖွားဖြစ်သူအတွက် မွေးနေ့အမှတ်တရလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

Celebrity Local News
အသက်(၉၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ အဖွားဖြစ်သူအတွက် မွေးနေ့အမှတ်တရလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

ပရိတ်သတ်ကြီးရေ .. သရုပ်ဆောင်စမိုင်းလ်ကတော့ အနုပညာ လောကမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိ ထားသူတစ်ယောက်ပဲဖြစ်ပါတယ်.. စမိုင်းလ်ကတော့ အခုဆို ရင် အမေရိကန်နိုင်ငံမှာနေထိုင်လျက်ရှိကာ အလှူအတန်းများ စွာကိုလည်း ပြုလုပ်ပေးလျက်ရှိတာပဲ ဖြစ်ပါတယ်..

သူမဟာ အဖွားဖြစ်သူ ဒေါ်ခင်လေးဆွေ ရဲ့ ပံ့ပိုးမှုနဲ့ အနုပညာ လောကထဲကိုစတင်ဝင်ရောက်လာခဲ့ပြီး နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်… ဒီကနေ့မှာတော့ အဖွား ဖြစ်သူရဲ့ အသက်(၉၃)နှစ်ပြည့်မွေးနေ့လေးလို့ သိရပါတယ်.. အဖွားရဲ့ မွေးနေ့မှာ စမိုင်းလ်တို့မိသားစုကမွေးနေ့အမှတ်တရ အနေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြောင်း သူမရဲ့ဖေ့ ဘုတ်စာမျက်နှာမှာ တင်ပြလာပါတယ်..

စမိုင်းလ်က “ဖွားဖွားကြီး ယနေ့ကျရောက်တဲ့ (၉၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်မိသားစု ဝါဆိုသင်္ကန်း(၁၀၈)စုံ သံဃာ (၁၀၈)ပါးအား ကပ်လှူ နေ့ဆွမ်းနဲ့ စတုဒီသာကျွေး မွေးနေ့ ကုသိုလ်အဖြစ်ရေကြီးလို့ ပျက်စီးသွားတဲ့မူလတန်းကျောင်း လေး ပြန်လည်ပြုပြင်ရေးအတွက် သိန်း(၁၉၀)လှူဒါန်း” ဆိုပြီး အဖွားဖြစ်သူအတွက် မွေးနေ့ အမှတ်တရလေးတွေကို ချပြလာ ခဲ့ပါတယ်.. အဖွား ဒေါ်ခင်လေးဆွေလည်း ယနေ့မှစပြီး ကျန်းမာသက်ရှည်ရောဂါဘယကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

\https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...