အသက် ၁၀ နှစ်ကွာတဲ့ အဆိုတော်နဲ့ တွဲနေတဲ့ မင်းသမီး ဟန်ဂျီမင်း

အသက် ၁၀ နှစ်ကွာတဲ့ အဆိုတော်နဲ့ တွဲနေတဲ့ မင်းသမီး ဟန်ဂျီမင်း

Celebrity International News
အသက် ၁၀ နှစ်ကွာတဲ့ အဆိုတော်နဲ့ တွဲနေတဲ့ မင်းသမီး ဟန်ဂျီမင်း

တောင်ကိုရီးယားမင်းသမီးချော ဟန်ဂျီမင်းဟာ Jannabi အဆိုအဖွဲ့ရဲ့ အဖွဲ့ဝင် ချွိုက်ဂျွန်ဟွန်းနဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ဒီအကြောင်းကို ဩဂုတ်လ ၈ ရက်နေ့မှာ သတင်းမီဒီယာတစ်ခုက ထုတ်ပြန်ပြီးနောက် နှစ်ဦးလုံးရဲ့အေဂျင်စီတွေက အတည်ပြုပေးခဲ့တာပါ။

ဟန်ဂျီမင်းနဲ့ ချွိုက်ဂျွန်ဟွန်းတို့က KBS2 ရုပ်သံလိုင်းရဲ့ Music Talk Show “The Seasons: Choi Jung Hoon’s Night Park” မှာ တွေ့ဆုံခဲ့ပြီးနောက် မကြာသေးခင်ကမှ သူတို့စပြီးတွဲခဲ့ကြတယ်လို့ သတင်းမီဒီယာတစ်ခုက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဟန်ဂျီမင်းရဲ့ အေဂျင်စီ BH Entertainment က “ဟန်ဂျီမင်းနဲ့ Jannabi အဖွဲ့ရဲ့ ချွိုက်ဂျွန်ဟွန်းတို့က တွဲနေကြတာမှန်ပါတယ်။ မကြာသေးခင်ကမှ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်လာခဲ့တာပါ”လို့ အတည်ပြုပေးခဲ့ပါတယ်။

ချွိုက်ဂျွန်ဟွန်းရဲ့အေဂျင်စီ Peponi Music ကလည်း “ကျွန်တော်တို့ ဒါကို စစ်ဆေးကြည့်လိုက်တော့ ‘The Seasons: Choi Jung Hoon’s Night Park ကတဆင့် သူတို့နှစ်ဦး စတွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်လာကြတယ်ဆိုတာ မှန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ဟန်ဂျီမင်းက ‘The Seasons: Choi Jung Hoon’s Night Park မှာ ပါဝင်ခဲ့ပြီး သူတို့နှစ်ဦးဟာ သီချင်းတွေကို နှစ်ယောက်အတူတူဆိုခဲ့ကြပါတယ်။ သူတို့နှစ်ဦးက အသက် ၁၀ နှစ်ကွာပါတယ်။ ဟန်ဂျီမင်းက ၁၉၈၂ ခုနှစ်ဖွားဖြစ်ပြီး ချွိုက်ဂျွန်ဟွန်းကတော့ ၁၉၉၂ ခုနှစ်ဖွားဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...