အိမ်မက်တောင်မမက်ခဲ့ဖူးတဲ့ သမီးလေးတွေကိုမပေးချင်ဆုံးအတွေ့အကြုံတွေပေးခဲ့ရလို့ အားနာမိတယ်ဆိုတဲ့ ချစ်သုဝေ

Celebrity Local News
အိမ်မက်တောင်မမက်ခဲ့ဖူးတဲ့ သမီးလေးတွေကိုမပေးချင်ဆုံးအတွေ့အကြုံတွေပေးခဲ့ရလို့ အားနာမိတယ်ဆိုတဲ့ ချစ်သုဝေ

အဆိုတော် လင်းလင်း နဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ တို့ဇနီးမောင်နှံကတော့ အနုပညာလောက မှာ ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိပိုင်ဆိုင်ထားကြတဲ့ နာမည်ကြီးဇနီးမောင်နှံပဲဖြစ်ပါတယ်…ချစ်သုဝေ နဲ့ လင်းလင်း တို့ဇနီးမောင်နှံဟာ သူမယုံကြည်ရာလမ်းကို လျှောက်လှမ်းဖို့ သမီးလေးနှစ်ယောက်ကိုခေါ်ပြီး နိုင်ငံရဲ့အစွန်အဖျားမှာနေထိုင် လျက်ရှိတာပဲဖြစ်ပါတယ်…

ကျော်ကြားမှုနဲ့ အောင်မြင်မှုနဲ့ ပိုင်ဆိုင်မှုအိုးအိမ်တွေကိုလည်း စွန့်လွှတ်ထားတဲ့ ချစ်သုဝေ နဲ့ လင်းလင်းဟာ စိတ်ညစ်စရာတွေ ကြားထဲကမှ မိသားစုလေးနဲ့ ပျော်ရွှင်အောင်နေနေရတယ်လို့ ဆိုပါတယ်..

အခုတစ်ခါမှာတော့ သူမရဲ့သမီးလေးအပေါ် အားနာစိတ်ဖြစ်မိတဲ့အကြောင်းဝေမျှလာတာပဲဖြစ်ပါတယ်။ သူမရဲ့ သမီးလေးကို “အိမ်မက်တောင်မမက်ခဲ့ဖူးတဲ့ မပေးချင်ခဲ့ဆုံး အတွေ့အကြုံတွေ ပေးခဲ့ရတယ်…ပိုလှပမယ့်အနာဂတ် တွေအတွက်ဆိုတာ သမီးလေးတွေ ယုံနော်..စာအရှည်ကြီးမရေး နိုင်တော့ဘူး…အရှည်ကြီးတွေ ရေးရလောက်အောင်လည်း ကို ယ်ဖြတ်သန်းရတာတွေဟာ မြေပြင်မိသားစုတွေနဲ့ယှဉ်ရင် အားနာလွန်းစရာကောင်းလှလို့ တသက်လုံးဖွင့်မပြောမယ့်အရာ တွေဖြစ်တော့မယ်ထင်တယ်..” ဆိုတဲ့စာသားလေးနဲ့ တင်ပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...