၃ နှစ်လောက်ပြင်ပြင်ဆင်ဆင်မနေခဲ့ရတော့ ပွဲတစ်ခုအတွက်ဒေါက်ဖိနပ်ကြီးစီးရတာတောင် ရှက်တယ်ဆိုတဲ့ ချစ်သုဝေ

Celebrity Local News
၃ နှစ်လောက်ပြင်ပြင်ဆင်ဆင်မနေခဲ့ရတော့ ပွဲတစ်ခုအတွက်ဒေါက်ဖိနပ်ကြီးစီးရတာတောင် ရှက်တယ်ဆိုတဲ့ ချစ်သုဝေ

သရုပ်ဆောင်ချစ်သုဝေကတော့ မတူညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူကျရာ ဇာတ်ကောင်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။

ချစ်သုဝေက သရုပ်ဆော င်ကောင်း တာအပြင် အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်း ကောင်းများစွာကိုလဲသီဆိုထားပါသေးတယ် ၊နောက်ပြီးတော့ချစ်သုဝေကချစ်ခင်ပွန်း အဆိုတော်လင်းလင်းနဲ့ချစ်စရာကောင်းတဲ့ အမွှာသမီးလေး၂ယောက်ကိုလဲပိုင်ဆိုင်ထားပါသေးတယ်။

ချစ်သုဝေက တော်လှန်ရေးကြီးမှာလဲပြည်သူ နဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်း ထွက်ကာလူထူလှုပ်ရှားမှုမှာအားတက်သရောပါဝင်ခဲ့ပါ တယ်၊အမှန်တရားကိုမြတ်နိုးပြီးဒီလိုပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ မတရားအမှုဖွင်အရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊ချစ်သုဝေကတိမ်းရှောင်နေစဉ်မှာလဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေခဲ့တာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်လဲချစ်သုဝေက ပြင်ပြင်ဆင်ဆင်မနေတာက ကြာပီးဖြစ်လို” Revo -merchလေးတွေရိုက်ရင် အလှပြင်ရပေမယ့် ကိုယ့်ဘာသာနေရင် ပြင်ပြင်ဆင်ဆင်မနဖြစ်ခဲ့တာ ၃နှစ်ကျော်ပေါ့လေ…အတူရှိတဲ့အမ ဆင်ပေးတဲ့သူ့အင်္ကျီ၊သူ အိတ်လေး နဲ့ ဆံပင်ကလည်းသူအမြင့်စီးပေးတယ်။ လက် သည်းလေးတွေကလည်း ချစ်တဲ့ မေမေ ဖြိုးကြီးလက်ရာ။ဘယ်လောက်မပြင်မဆင်ရတာကြာလဲဆိုတော့ ဒေါက်ဖိနပ်ကြီးနဲ့ရှ က်လိုက်တာ ဆိုင်လည်းရောက်ရော ခြေညှပ်ဖိနပ် ကောက်လဲပြီး ကလေးထိန်းရတာပါပဲ” ဆိုပီး သူမရဲ့ ရင်ထဲက ခံစားချက် တကို ဖော်ပြလာတာပဲဖြစ်ပါတယ်

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...