MCU မှာ ပြန်လည်ပါဝင်ဖို့ အနုပညာကြေး ကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တဲ့ Robert Downey Jr.

Celebrity International News
MCU မှာ ပြန်လည်ပါဝင်ဖို့ အနုပညာကြေး ကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တဲ့ Robert Downey Jr.

အော်စကာဆုရှင် သရုပ်ဆောင် Robert Downey Jr. ဟာ Marvel Studios ရဲ့ MCU (Marvel Cinematic Universe) ရုပ်ရှင်တွေမှာ Tony Stark aka Iron Man အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ MCU ထဲကို Victor von Doom aka Doctor Doom ဆိုတဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

Robert Downey Jr. ဟာ ၂၀၂၆ မေလမှာ ရုံတင်ပြသမယ့် Avengers: Doomsday နဲ့ ၂၀၂၇ မေလမှာ ရုံတင်ပြသမယ့် Avengers: Secret Wars ရှပ်ရှင်တွေမှာ Victor von Doom အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Avengers: Doomsday နဲ့ Avengers: Secret Wars တို့ကို Avengers: Infinity War နဲ့ Avengers: Endgame တို့ရဲ့ ဒါရိုက်တာညီနောင် Joe Russo နဲ့ Anthong Russo တို့ကပဲ တာဝန်ယူရိုက်ကူးပေးသွားမှာပါ။

Disney နဲ့ Marvel Studios ဟာ Robert Downey Jr. ကို ပြန်လည်ခေါ်ယူဖို့အတွက် ငွေအများအပြားအသုံးပြုခဲ့ပုံပါပဲ။ သတင်းစာဆရာ Matt Beloni ရဲ့ ဟောလိဝုဒ်အနုပညသတင်းစာတစ်စောင်ဖြစ်တဲ့ Puck သတင်းစာက ဆောင်းပါးတစ်ပုဒ်ရဲ့အဆိုအရ Disney နဲ့ Marvel Studios ဟာ Robert Downey Jr. ကို MCU မှာ ပြန်လည်ပါဝင်စေဖို့အတွက် အနုပညာကြေး ကန်ဒေါ်လာ သန်း ၁၀၀ အထိ ကမ်းလှမ်းခဲ့ကြောင်းသိရှိရပါတယ်။ ဒါဟာ MCU မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေထဲမှာ အမြင့်ဆုံးအနုပညာကြေးတစ်ခုလည်းဖြစ်ပါတယ်။ Robert Downey Jr. ဟာ Avengers ရုပ်ရှင်လေးကားနဲ့ Iron Man ရုပ်ရှင်သုံးကားအပြင် The Incredible Hulk, Captain America: Civil War နဲ့ Spider-Man: Homecoming ရုပ်ရှင်တွေကနေ အနုပညာကြေး စုစုပေါင်း ကန်ဒေါ်လာ သန်း ၅၀၀ ကနေ သန်း ၆၀၀ အထိ ရရှိခဲ့တယ်လို့ ရင်းနှီးသူတချို့က ဆိုထားပါသေးတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ Avengers: Doomsday နဲ့ Avengers: Secret Wars တို့ကို Marvel Studios နဲ့ အတူ Russo ညီနောင်ရဲ့ ABGO ကုမ္ပဏီကလည်း ရိုက်ကူးရေးနဲ့ ထုတ်လုပ်ရေးအပိုင်းမှာ ပါဝင်သွားမှာဖြစ်ပြီး ၂၀၂၅ ဒုတိယနှစ်ဝက်မှာ လန်ဒန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Doctor Doom aka Victor von Doom ကို ၁၉၆၂ မှာ ထုတ်ဝေတဲ့ Marvel ရုပ်ပြစာစောင်တစ်အုပ်ဖြစ်တဲ့ The Fantastic Four အတွဲ ၅ မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Fantastic Four အဖွဲ့အပါအဝင် Marvel စူပါဟီးရိုးအများအပြားကို အမှောက်သိပ်နိုင်တဲ့အထိ ကြောက်စရာကောင်းတဲ့ဗီလိန်တစ်ယောက်လည်းဖြစ်ပါတယ်။

Ref: Internet

ရေးသားသူ – MyanmarVarientEntertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...