Miss Teen USA ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပထမဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့တဲ့ ဆယ်ကျော်သက်

Celebrity International News
Miss Teen USA ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပထမဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့တဲ့ ဆယ်ကျော်သက်

အသက် ၁၈ နှစ်အရွယ် ခေးလာ ကို့စ်မားလ်စကီးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ Miss Teen USA အလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ‌‌ဒေါင်းဆင်ဒရုန်းရောဂါနဲ့ပထမဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။


သူဟာ ဧပြီလက Miss Delaware Teen USA သရဖူကို ဆောင်းခဲ့ပြီးနောက် Miss Teen USA ပြိုင်ပွဲအတွက် လော့အိန်ဂျယ်လိစ်ကို သွားရောက်ခဲ့ပါတယ်။ ဒေါင်းဆင်ဒရုန်းရောဂါနဲ့လူတွေက ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို ကမ္ဘာကြီးကို ချပြချင်တယ်။ အတွေ့အကြုံက အံ့ဩစရာကောင်းပြီး စင်ပေါ်တက်ရတာကို နှစ်သက်တယ်။ အိပ်မက်ကြီးကြီးမက်နိုင်တယ်ဆိုတာကို မိန်းကလေးငယ်လေးတွေကို ပြချင်တယ်။ သူ့ရဲ့စိတ်အားထက်သန်မှု၊ ခွန်အားတွေ၊ စိတ်နေသဘောထားတွေကို ပြရတာ နှစ်သက်တယ်။ အလှမယ်ပြိုင်ပွဲတွေကို နှစ်သက်တယ်လို့ သူက ဆိုပါတယ်။

ကို့စ်မားလ်စကီးက အသက် ၅ နှစ်အရွယ်မှာ အလှမယ်ပြိုင်ပွဲကို စပြိုင်ခဲ့ပြီး အဲ့ဒါကို အရမ်းနှစ်သက်သွားခဲ့တဲ့အတွက် ဆက်ပြိုင်ဖြစ်ခဲ့တာပါ။ သူက အခုနှစ်နွေဦးမှာ အထက်တန်းကျောင်းအောင်မြင်ခဲ့တာပါ။ အခုနှစ်ထဲမှာပဲ Wilmington University ကို တက်ရောက်မှာဖြစ်ပြီး Communications မေဂျာကို ယူဖို့ စီစဉ်ထားပါတယ်။

သူဟာ ကျောင်းရဲ့ချန်ပီယံပန်းပွားအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ သူက ဒေါင်းဆင်ဒရုန်းရောဂါသည်ကလေးလေးတွေအတွက် နှလုံးခွဲစိတ်ကုသမှုတွေ လုပ်ပေးနေတဲ့ Hearts of Joy International ရဲ့ Ambassador ဖြစ်ပါတယ်။ Miss Teen USA သရဖူကို မရခဲ့ပေမဲ့ သူဟာ Miss Congeniality ဆုကိုတော့ရခဲ့ပါတယ်။

အနာဂတ်မှာ သူက မင်းသမီး၊ Motivational Speaker တစ်ယောက်ဖြစ်ချင်တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...