ပရိသတ်တွေမသိသေးတဲ့ ကျောင်းမတက်ချင်သူ မေသဇင်ချစ်ရဲ့ ဘဝဇာတ်ကြောင်း

Celebrity Local News
ပရိသတ်တွေမသိသေးတဲ့ ကျောင်းမတက်ချင်သူ မေသဇင်ချစ်ရဲ့ ဘဝဇာတ်ကြောင်း

“မေသဇင်ချစ်” က ကျောင်းဖွင့်စပထမရက်မှာ ကျောင်းမတတ် ချင်တဲ့ဗီဒီယိုလေးကြောင့် နာမည်ကြီးလာတဲ့ ကလေးလေးဖြစ် ပါတယ်.. ကျောင်းဖွင့်စ ပထမရက်မှာပဲတစ်နိုင်ငံလုံးရဲ့ အချစ် တွေကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ်.. မေသဇင်ချစ်ကို ချစ်စရာ ကောင်းလို့ဆိုပြီး ဦးဦးတွေ အန်တီတွေကလည်း ကာတွန်းရုပ် လေးတွေလုပ်ထားကြပါတယ်.. မေသဇင်ချစ်မှာအကြီးမ မခိုင် ဇင်ဦး အလတ်မ မမေသဇင်ချစ် အငယ်မ မခိုင်ရွှေဇင်မိုး(ခ)ချစ် စုစံ ဆိုပြီး ညီအစ်မသုံးယောက်ရှိပါတယ်..

သူမနာမည်ကြီးလာပြီးနောက် ကျောင်းကို လာရောက်လှူဒါန်း တဲ့သူတွေများလာခဲ့ပါတယ်.. အခုလည်း မေသဇင်ချစ်က ကြော်ငြာတွေရိုက်နေရပြီဖြစ်လို့ ကံကောင်းခြင်းတွေနဲ့ မွေးလာတဲ့ ကလေးလေးလို့ ခေါ်နေကြပါတယ်.. ကြော်ငြာထဲမှာ သူ့ရဲ့ သဘာဝအမူအရာလေးတွေနဲ့ အပိုအလိုမရှိကွက်တိ သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်.. ကြော်ငြာမှာသရုပ်ဆောင်နေ တယ်လို့ မထင်ရဘဲစကားလုံးတွေကိုလည်း မထစ်မငေါ့ ပြော သွားနိုင်ပါတယ်..

ကျောင်းမှန်မှန်တက် စာတွေခက် ကျောင်းသားဦးနှောက်ပျက် ဆိုပြီးတော့ ကဗျာလေးဆိုနေပြီး ချစ်စရာကောင်းအောင် လုပ် ပြနေခဲ့ပါတယ်… ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုကို အမိအရ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်တာကြောင့် မေသဇင်ချစ် ကတော့ အောင်မြင်နေပါပြီ .. သူ့ရဲ့ကြော်ငြာလေးက တင်လိုက် ပြီးနာရီပိုင်းအတွင်းမှာတင် ကြည့်ရှုသူတွေ များသွားခဲ့ပါ တယ်.. မေသဇင်ချစ်က စကားတတ်ရုံမက သရုပ်ဆောင် လည်းကောင်းတာကြောင့် နောက်ထပ်လည်းကြော်ငြာတွေများ များရိုက်ပေးပါလို့ တောင်းဆိုနေကြပါတယ်.. မေသဇင်ချစ်က ကြော်ငြာထဲမှာသာ ကျောင်းမတတ်ချင်တာဖြစ်ပေမယ့်လည်း အပြင်မှာတော့ ဆရာ့ကျေးဇူးကြောင့်ကျောင်းပျော်နေပါပြီ ..

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...