သဘင်သည်မြနှင်းဆီ ဇာတ်ကားကြီးမှာ အကယ်ဒမီရနိုင်တဲ့အထိကို သရုပ်ဆောင်ချက်တွေ ကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ မေမီကိုကို

Celebrity Local News
သဘင်သည်မြနှင်းဆီ ဇာတ်ကားကြီးမှာ အကယ်ဒမီရနိုင်တဲ့အထိကို သရုပ်ဆောင်ချက်တွေ ကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ မေမီကိုကို

မေမီကိုကိုကတော့ ပရိသတ်တွေရဲ့ အချစ် တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ချစ်စရာကောင်း လှပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်ပြီး သရုပ်ဆောင် တော်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ ဖန်တီးပြုလုပ်နိုင် တဲ့ မင်းသမီးချောလေး မေမီကိုကိုကို အထွေအထူးမိတ် ဆက်ပေးဖို လိုမယ်မထင်ပါဘူး။

လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ကိုလည်း များစွာရိုက်ကူးနေခဲ့ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာပါ ပါဝင်သရုပ်ဆောင်နေတဲ့အထိကို အောင်မြင်မှုတွေရရှိ နေခဲ့ပြီပဲဖြစ်ပါတယ်။ ကြော်ငြာဓာတ်ပုံအလှပုံတွေကိုလည်း မကြာခဏဆိုသလိုရိုက်ကူးနေရပြီး ပရိသတ်တွေအတွက် သူ့ ရဲ့ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြပေးနေခဲ့ပါတယ်။

အခုတစ်ခါမှာလည်း ရုံတင်ပြသတော့မဲ့ သဘင်သည်မြနှင်းဆီ ဇာတ်လမ်းတွဲမှာ မြစမ်းကြည်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ မြစမ်းကြည် ဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ သရုပ်ဆောင်ချက်တွေကောင်းလွန်းလို့ မေမီကိုကို အကယ်ဒမီရမယ်လို့ ခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။ မေမီကိုကို ကိုချစ်တဲ့ပရိသတ်ကြီးအတွက် သူမရဲ့ သဘင်သည်မြနှင်းဆီ ဇာတ်ကားကြီးမှ ပုံရိပ်တွေဝေမျှပေးလိုက်ရပါတယ်။

ရေးသားသူ –Let Pan New

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...