အသက်(၃၆)နှစ်ပြည့်မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Celebrity Local News
အသက်(၃၆)နှစ်ပြည့်မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ပရိတ်သတ်ကြီးရေ . အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုန် ရွှေရည်ကတော့ ဖြူဝင်းသောအသားအရည် နုဖတ်အုအက်နေ တဲ့ ရူပါအလှလေးတွေကြောင့် မြန်မာပြည်ရဲ့အလှဆုံးမင်းသမီး စာရင်းထဲမှာမပါမဖြစ်ပါဝင်နေရမယ့် မင်းသမီးချောလေးဖြစ် ပါတယ်.. သရုပ်ဆောင်အရည်အချင်းပြည့်ဝတဲ့အပြင် တစ်မူ ထူးခြားတဲ့အလှတရားတွေရှိလို့နေတာကြောင့် မိန်းကလေး တိုင်းအားကျနေရတဲ့ သူလည်းဖြစ်ပါတယ်..

သြဂုတ်လ (10.8.2024)ရက်နေ့မှာတော့ ဝတ်မှုန်ရွှေရည် ရဲ့ (၃၆)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်နော် .. သူမရဲ့ မွေးနေ့မှာကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်းကို “ကုသိုလ် များနဲ့မွေးနေ့ တစ်ရက်တာ မွေးနေ့မနက်ပိုင်းမှာတော့ ဘုန်း ဘုန်း(၁၀)ပါးကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်.. နေ့လည်ပိုင်း မှာတော့ ေ၀ဘာဂီဆေးရုံ သားဖွားနဲ့ မီးယပ်လူနာများအတွက် လိုရာအသုံးပြုနိုင်အောင် ဆေးရုံကိုရော လူနာတစ်ဦးအတွက်ပါ ကုသိုလ်ပြုခဲ့ပါတယ်..

ညနေစာကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကစ်ရဲ့fan club က fan လေးတွေကစုပေါင်းဒါနပြုအလှူ လူ(550)စာ ညနေစာ ကုသိုလ်လေးပါ ဒီနေ့အတွက်ကတော့နောက်ဆုံးအလှူလေး ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှ လူနာများ အတွက်တစ်နေ့တာ အာဟာရဒါနလေးအလှူပါရှင်.. မွေးနေ့မှာ ပြုတဲ့ကုသိုလ်အစုစုအတွက်သာဓုခေါ်ဆိုနိုင်အောင် မျှေ၀ပေးလိုက်ပါတယ် .. လို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တင်ပြလာပါတယ်နော် ..

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...