ဧည့်တွေ့ချိန်မှာ အမျိုးသမီးတွေလို ဟန်ဆောင်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အကျဉ်းသားနှစ်ဦး

Funny International News
ဧည့်တွေ့ချိန်မှာ အမျိုးသမီးတွေလို ဟန်ဆောင်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အကျဉ်းသားနှစ်ဦး

ဘရာဇီးနိုင်ငံမှ အန္တရာယ်ရှိတဲ့ အကျဉ်းသားနှစ်ဦးဟာ ဧည့်တွေ့ချိန်မှာ အမျိုးသမီးတွေလို ရုပ်ဖျက်ပြီး ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဖရန်စစ္စကိုနဲ့ ကားလို့စ်အန်တိုနီယိုတို့ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ဓားပြမှု၊ လူသတ်မှုတွေအပါအဝင် ဒုစရိုက်မှုအများအပြား ကျူးလွန်ထားတဲ့ ဒုစရိုက်ဂိုဏ်းသားတွေဖြစ်ပြီး ဖော်တာလီဇာမြို့မှ အီတိုင်တင်ဂါ ၃ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေပါ။

သူတို့နှစ်ယောက်ဟာ ဆံပင်တုတွေတပ်၊ ပန်းရောင်စကတ်နဲ့ အဖြူရောင်တီရှပ်အင်္ကျီကိုဝတ်ပြီး ရင်သားအတုတွေ တပ်ဆင်ကာ အမျိုးသမီးတွေအဖြစ် ရုပ်ဖျက်ပြီး အကျဉ်းထောင် အစောင့်အကြပ်တွေကို လှည့်စားဖို့ ကြိုးစားခဲ့ကြတာပါ။ သူတို့ဟာ ဧည့်တွေ့ချိန်အပြီးမှာ ဧည့်တွေ့လာတဲ့ အမျိုးသမီးတွေနဲ့ရောနှောပြီး ထောင်ထဲကနေ ထွက်နိုင်ဖို့ ကြံစည်ခဲ့ကြပေမဲ့ အကျဉ်းထောင်အစောင့်အကြပ်တွေက ရိပ်စားမိပြီး သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့အနေနဲ့ ရုပ်ဖျက်မယ့် အသုံးအဆောင်ပစ္စည်းတွေ ဘယ်လိုရသွားသလဲဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားမှုအရ ထောင်ဒဏ် ၆ လကနေ ၂ နှစ်အထိ ထပ်မံချမှတ်နိုင်ပြီး ထောင်တွင်း ကြားနာမှုနဲ့ ရင်ဆိုင်ရတော့မှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...