ဆီမီးတောက် အသုံးဝင်ပုံ

Health Local News
ဆီမီးတောက် အသုံးဝင်ပုံ

ပုံသဏ္ဌာန်

၎င်းသည်နွယ်ပင်တစ်မျိုးဖြစ်၏။
အရွက်(၄)လက်မခန့်ရှိ၍အဖျားချွန်၏။
မီးတောက်၊မီးစွယ်၊မီးညွန့်နှင့်သဏ္ဌာန်တူ၏။
ပွင့်ဖတ်(၆)ခုရှိ၏။

အပွင့်မှာအနီရောင်နှင့်အဝါရောင်ရောနှောနေ၏။
အဖို၊အမနှစ်မျိုးရှိရာအမဥသည်လုံး၍အဖိုဥသည်ရှည်၏။
ဆီမီးတောက်ဥသည်ဖြူသောအဆင်းရှိ၏။
မြေကြီးထဲ၌ကွေ့ကောက်၍ထွန်ကဲ့သို့သွား၏။
နူးညံ့၏။
ခါးသောအရသာရှိ၏။

အပင်၏အဖျားတွင်လက်(၅)သစ်၊(၆)သစ်ရှည်၍
ကျယ်ပြန့်သောအပွင့်တို့သည်ထွက်၏။
ထိုအပွင့်တို့သည်ရင့်သည်ကိုလိုက်၍အစိမ်း၊အဝါ
အနီတို့ပြောင်း၏။

ပေါက်ရောက်ရာဒေသ
မြန်မာနိုင်ငံသမပိုင်းဒေသများတွင်ပိုမိုပေါက်ရောက်သည်။

ပေါက်ရောက်ပုံ*
သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊အမြစ်၊ဥကိုအသုံးပြုသည်။
***အရသာ၊အကျိုးသွားနှင့်အာနိသင်***
ကြေကျက်လွယ်၏။
သည်းခြေကိုဖြစ်စေ၏။
လေသလိပ်ကိုနိုင်၏။
ဆီးကိုရွှင်စေ၏။
၎င်းပြင်အနာပေါက်၊ပိုးရောဂါ၊
ဆီးအိမ်နာကျင်ကိုက်ခဲခြင်း၊
အဆိပ်၊နူနာ၊မြင်းသရိုက်၊ဖောရောင်ခြင်း၊
မြစ်ခြောက်၊ထိုးအောင့်ခြင်းတို့၌အကျိုးပြု၏။
သို့သော်ကိုယ်ဝန်ကိုပျက်ပြားစေတတ်၏။

အသုံးပြုပုံ

ဆီမီးတောက်ဥတစ်မတ်သားကိုအမှုန့်ထောင်း၍
ရေကော်ဖီပန်းကန်လုံးသုံးလုံးထည့်၍
နာရီဝက်ခန့်ကျိုချက်ပြီးစစ်၍သောက်ပါက
အဆစ်ရောင်ခြင်း၊ကိုက်ခြင်း၊စသောရောဂါများကို
သက်သာပျောက်ကင်းစေ၏။
ဆီမီးတောက်ဥအရွက်သုံးကျပ်သားနှင့်
ကြောင်ပန်းရွက်သုံးကျပ်သားသတ္တုရည်ကိုညှစ်၍ချက်၍ရသောဆီကိုရှုပေးလျှင်အသက်ရှုမဝသောရောဂါ၊လေပြွန်ရောင်သောရောဂါများသက်သာစေတတ်သည်။
၎င်းအရွက်မှုန့်တစ်ကျပ်သားကို
ထန်းလျက်တစ်ကျပ်သားနှင့်ရောကျွေးလျှင်
ဝမ်းတွင်းရှိတုတ်ပိုးသန်ပိုးများကျဆင်းစေသည်။

၎င်းအရွက်အမှုန့်ကိုအနာ၌ဖြူးပေးလျှင်
အနာတွင်ရှိသောပိုးများသေ၍အနာသည်ပျောက်ကင်း၏။အရွက်ကိုထောင်း၍အုံပေးပါကသက်သာပျောက်ကင်းစေသည်။
၎င်းအရွက်သတ္တုရည်တစ်ကျပ်သား၊
နှမ်းဆီတစ်ကျပ်သား၊အုန်းဆီတစ်ကျပ်သားရော
တဝက်ခန်းအောင်ချက်၍နားတွင်ကြပ်ပေးခြင်း၊ထည့်ပေးခြင်းပြုလုပ်ခဲ့သော်
နားကိုက်၊နားနာပျောက်ကင်း၍နားတွင်းရှိပိုးများလည်းကျဆင်းလာပါလိမ့်မည်။

ဆီမီးတောက်ဥကိုမီးကင်၍နံ့သာဖြူရောစပ်
လိမ်းကျံပေးပါကခန္ဓာကိုယ်၏အပြင်ဘက်
တစ်စုံတစ်နေရာတွင်ရောင်ရမ်းသောရောဂါ
သက်သာပျောက်ကင်းစေ၏။

မှတ်ချက်။ ။ဆီမီးတောက်ဥသည်
အဆိပ်အုပ်စုဝင်ဆေးပစ္စည်းဖြစ်သဖြင့်
ဆီမီးတောက်ဥကိုမီးသင်း၍လည်းကောင်း
သုဒ္ဓပြုသန့်စင်၍လည်းကောင်း၊အသုံးပြုရမည်ဖြစ်ပါသည်။
ဆီမီးတောက်ပါဝင်သောမည်သည့်ဆေးဝါးမဆို
သောက်သုံးမည်ဆိုပါကတတ်ကျွမ်းနားလည်သော
တိုင်းရင်းဆေးသမားတော်များ၏ညွှန်ကြားချက်အတိုင်းသုံးစွဲရမည်ဖြစ်ပါသည်။

ပြည်တုလာသရောရောဂါ

ဆီမီးတောက်ဥကိုအမှုန့်ထောင်း၍
ရေနှင့်စိမ်ပြီးစပ်၍သောက်ပါက
ပြည်တုလာသရောရောဂါပျောက်ကင်း၏။

ကျပ်တီးနာ

ဆီမီးတောက်အရွက်နှင့်ကြောင်ပန်းရွက်သတ္တုရည်ကို
ချက်၍ရသောဆီကိုရှုပေးလျှင်ကျပ်တီးနာပျောက်ကင်း၏။

ပိုးရောဂါ

၎င်းအရွက်အမှုန့်ကိုထန်းလျှက်နှင့်ရောကျွေးလျှင်
ဝမ်းတွင်းရှိတုတ်ပိုး၊သံပိုးများကျဆင်း၍
ဝမ်းတွင်းရှိပိုးရောဂါများမှပျောက်ကင်း၏။

ကိုယ်ရေဝါ

၎င်းအရွက်၏အမှုန့်ကို
ဒိန်ချဉ်ရည်နှင့်ရော၍သောက်ပါက
၎င်းရောဂါမှပျောက်ကင်း၏။

အနာပေါက်

၎င်းအရွက်၏အမှုန့်ကို
အနာ၌ဖြူးပေးလျှင်
အနာတွင်ရှိသောပိုးများသေ၍
အနာသည်ပျောက်ကင်း၏။

နားရောဂါ

၎င်းအရွက်မှုန့်ကိုသံပုရာရည်နှင့်
နားတွင်ကျပ်ပေးခြင်း၊ထည့်ပေးခြင်းပြုလုပ်ခဲ့သော်
နားကိုက်၊နားနာပျောက်ကင်း၍
နားတွင်းရှိပိုးများလည်းကျဆင်းလာပါလိမ့်မည်။

ဥမ္မန္တရောဂါ

နားပေါက်၌သလိပ်၊လေဖောက်ပြန်၍
ရောင်တင်းသောဥမ္မန္တရောဂါ၌
ဖွတ်ဆီ၊နှမ်းဆီ၊ပင်စိမ်းသတ္တုရည်၊
ဆီမီးတောက်မြစ်သတ္တုရည်ရော၍ဆီချက်ပါ။
ထိုဆီကိုလိမ်းကျံပေးကလျှင်စွာပျောက်ကင်း၏။

သားဖွားလွယ်ဆေး

ဆီမီးတောက်မြစ်ကိုကောင်းစွာဆေးကြော၍
ကျောက်တွင်ရေနှင့်ကြိတ်ပါ။
ထိုဆီမီးတောက်မြစ်မှုန့်ကို
ချက်နှင့်ယောနိတို့၏အပေါ်တွင်လိမ်းကျံပေးခဲ့သော်
သားသည်လျှင်မြန်စွာဖွားမြင်၏။

အချင်းကျဆေး

သားဖွားပြီးနောက်အခြင်းမကျခဲ့သော်
ကလေး၏ဦးခေါင်း၊လက်၊ခြေတို့၌
လိမ်းကျံပေးလျှင်မြန်စွာအခြင်းကျ၏။

ကိုယ်ရောင်

ခန္ဓာကိုယ်၏အပြင်ရှိတစုံတရာသောနေရာတွင်
ရောင်ရမ်းခဲ့သော်ဤဆီမီးတောက်ကိုလိမ်းကျံပေးပါကပျောက်ကင်း၏။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...