အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ

Health Knowledge
အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ

မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစာတွေထဲမှာ အာဟာရကိုဖြစ်စေနိုင်တဲ့ဓာတ်များ ပါဝင်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်းပါဝင်နေကြပါတယ်။ ဥပမာအားဖြင့် မိမ်ိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွပ်ရွနေအောင် ကျောက်ချဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေထည့်ထားသည့်အတွက် Aluminium ဓာတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓာတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်းဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။
၄င်းအလူမီနမ်ဓာတ်ကိုခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။

ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြပါတယ်။ မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ် အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာစတဲ့ရောဂါများကိုဖြစ်ပေါ်စေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။အဲဒီအချဉ်ဖောက်ထားတဲ့ဓာတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။

အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၄င်းအစားအစာတို့တွင် ပါဝင်သော အဆိပ်အတောက်များကို ပြေပျောက်စေပါသည်။

(၁) အသားကင်များစားလျှင် အစာအိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။

(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါသည်။

(၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို ၊ စမုံစပါး၊လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါဝင်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။

(၄) မျှစ်ချဉ်သုပ်၊ မျှစ်ချဉ်ဟင်း၊ မျှစ်ချဉ်တို့ုစရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။

(၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓာတ်များပျက်ပြယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။

(၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓာတ်များ ပြယ်သွားအောင် Lecithin ဓာတ်ပြည့်ဝတဲ့ ပဲနို့ရည်ပူပူလေး သောက်ပေးပါ။

(၇) ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်များ ပြယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။

(၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်ဝတဲ့ကီဝီသီးကို စားပေးပါ။

(၉) ဟော့ပေါ့ (Hot pot) စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေဖျက်ပေးနိုင်တဲ့ ကျွဲကောသီးကို စားပေးပါ။
လူတိုင်းလူတိုင်း အနာရောဂါကင်းရှင်း၍ ကျန်းမာစွာ နေနိုင်ကြပါစေ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...