ကျန်းမာရေးအတွက် အဖိုးတန်ကွမ်းရွက်

Health Knowledge
ကျန်းမာရေးအတွက် အဖိုးတန်ကွမ်းရွက်

ကွမ်းရွက်မှာ အငန်က လွဲ၍ ကျန် အရသာ ငါးမျိုး ပါရှိ၏ ဆေးဖက်ဝင် အပင်များကို ခက်ခက်ခဲခဲ အပင်ပမ်းခံ လိုက်ရှာနေဖို့ မလို၊ ကွမ်းရွက် တမျိုးသာ ဆောင်ထားရင်လုံလောက်ပါတယ်

မြန်မာပြည်မှာ တနေ့ တနေ့ သုံးနေကြသည့် သည်ကွမ်းရွက် တွေ ဆေးအဖြစ် မသုံးကြဘဲ ဘေးဖြစ်အောင် သုံးနေကြတာများတယ်

ကွမ်းရွက်ကို ဆေးအဖြစ် အသုံး နည်းလာပြီး ဘေးဖြစ်ဖို့ ဝါးကြတာ များလာလို့ ကွမ်းယာထဲ ပါသည့် အခြား ပစ္စည်းများကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ အဖြစ် များကာ အမြဲ ဝါးနေရသည့် သွားများလည်း ပျက်စီး၍ မဆီမဆိုင် ကြားမှ ကွမ်းရွက် နာမည် ပျက်နေရ၏။

နေ့စဉ် ကွမ်းရွက်ကို ဆေးအဖြစ် သုံးဖို့နဲ့ ကွမ်းယာ ဝါးဖို့ ဘယ်အရာ အတွက် ပိုအသုံးများပြီး ပိုက်ဆံ ပိုကုန်‌ကြ နေပါသလဲ? စဉ်းစားမိသူများ တွက်ကြည့်ပါ။

အဲဒီတော့ ဆေးဖြစ်အောင် သုံးချင်သူများ အတွက် နည်းလမ်းများကလည်း ရေးမကုန်၊ သုံးမကုန်အောင် ရှိပါတယ်။ ကွမ်းရွက်ကိုသာ လူအများစု သုံးတတ်ကြရင်ဖြင့် ဥပမာ နေ့စဉ် ကွမ်းရွက် တရွက်ကို စားပေးရင် ရောဂါများ ကင်းစင် ဝေးပေမည်။

(၁။) ရေတိမ်သမား မျက်လုံး ပြန်ကောင်းအောင်၊ မျက်မှန် ကျွတ်အောင် မျက်စိနဲ့ နှာတံကြား ကွမ်းရွက် ကပ်ခြင်း၊ (ထိုကဲ့သို့ လုပ်၍ မျက်မှန် လွတ်သွားတာ ကြုံဖူးတယ် )

(၂။) နားလေး၊ နားထိုင်းခြင်း မဖြစ်အောင်၊ ဖြစ်နေပါက ပျောက်အောင် ကွမ်းရွက်ကို နားထဲ လိပ်ထည့်ခြင်း၊

(၃။) ခေါင်းကိုက်၊ ခေါင်းမူးပါက နားထင်တွင် ကွမ်းရွက် ကပ်ပေးခြင်း၊

(၄။) သွားဖုံးနာ၊ ပါးစပ်ထဲ အပူဘု ထွက်ပါက ကွမ်းရွက် ကပ်၊ ကွမ်းရွက် ငုံပေးခြင်း၊

(၅။) နှလုံး သွေးကြောကျဉ်း၊ ပိတ် (Heart Attack) ဖြစ်ဖူးသူများ နောင်မဖြစ်အောင် ရင်ဘက် နှလုံး နေရာ ကွမ်းရွက် ကပ်အိပ်ခြင်း၊

(၆။) အဆုတ် မကောင်းသူများ ကွမ်းရွက်ကို ရင်ဘက်၊ ကြောဘက် အဆုတ် နေရာ နှစ်ဘက်စလုံး ကပ်ခြင်း၊

(၇။) မျက်နှာ တင်းတိပ် အတွက် ကွမ်းရွက်ကို သူ့ချည်း (သို့) မီးပြ၍ ကပ်ပေး၊ လိမ်းပေးခြင်း၊

(၈။) ချောင်းဆိုး၊ ရေချိုးမှား အဖျား အတွက် ကွမ်းရွက်ထဲ လျက်ဆား ထည့်၍ ဝါးစားခြင်း၊

(၉။) အမျိုးသမီး ရောဂါရှင်များ သားအိမ် တဝိုက် ကွမ်းရွက် ကပ်ပေးခြင်း၊ (ထိုကဲ့သို့ လုပ်၍ သားအိမ် ကင်ဆာ ပျောက်သွားတာ မြင်ဖူးပါတယ် )

(၁၀။) နို့တိုက် မိခင်များ နို့ချောင်းပိတ်၊ နို့ကျိတ်ရောင်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တခုခုဖြင့် သုတ်၍ ကွမ်းရွက် ကပ်ပေးလျှင် ပျောက်ကင်းစေ၏။

(၁၁။) ကလေးငယ်များ နှာစေး၊ နှာပိတ်၊ အသက်ရှူကျပ် အနေခက်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တခုခုဖြင့် သုတ်၍ ကွမ်းရွက် အလယ် အပေါက်ဖောက်ကာ ငယ်ထိပ်၌ ကပ်ပေးလျှင် ချက်ချင်း သက်သာ ပျောက်ကင်းပါ၏။

(၁၂။) ကလေးငယ်များ ချောင်းဆိုးပါက ကွမ်းရွက်စိမ်း သတ္တုရည်တွင် ဆားအနည်းငယ် ထည့်၍ တနေ့လျှင် ၁၀ စက်မှ အစက် ၃၀ အရွယ်ကို ချိန်၍ တိုက်ကျွေးပါ။

(၁၃။) လိပ်ခေါင်း ဖြစ်သူများ စအိုတွင် ကွမ်းရွက်ကို လုံးချေပြီး ညှပ်ထားပါက ချက်ခြင်း သက်သာစေ၍ တစတစ ပျောက်ကင်းနိုင်ပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...