ကြက်သွန်မြိတ် ရဲ့ ကျန်းမာရေး ကောင်းကျိုး

Health Knowledge
ကြက်သွန်မြိတ် ရဲ့ ကျန်းမာရေး ကောင်းကျိုး

၁။ အစာကြေစေတယ်

သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက ကြက်သွန်ဖြူလိုပဲ အလားတူအာနိသင်တွေ ပေးနိုင်ပါတယ်။ အစာမကြေဖြစ်တာတွေကို သက်သာစေနိုင်တယ်လေ။ ပြီးတော့ ကြက်သွန်မြိတ် ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ အာနိသင်ကြောင့် ဘက်တီးရီးယား အတော်များများကို ရှင်းလင်းနိုင်တယ်ဆိုတော့ အစာအိမ်အူလမ်းကြောင်းစနစ်ကို ဒုက္ခပေးနိုင်တဲ့ salmonella ဘက်တီးရီးယားနွယ်ဝင်တွေ ကာကွယ်နိုင်တာပေါ့။ ပြောရရင် ကြက်သွန်မြိတ်က အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်အောင် အားပေးတာကြောင့် အစားအစာထဲက အာဟာရတွေကို စုပ်ယူနိုင်စွမ်းပိုကောင်းစေပါတယ်။

၂။ နှလုံးအတွက် ကောင်းတယ်

ကြက်သွန်မြိတ် မှာပါတဲ့ အရေးကြီးဆုံး ဒြပ်ပေါင်းတွေထဲက allicin ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ သူ့ရဲ့ Allicin က သွေးတိုးကိုလည်း ကျစေတဲ့အပြင် ပိုတက်ဆီယမ်ပါတဲ့ အစားအစာနဲ့ ပေါင်းရင် နှလုံးသွေးကြောကို ထိခိုက်စေမှု လျော့နည်းစေတယ်လို့ သိရပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

ကြက်သွန်မြိတ် မှာပါတဲ့ သဘာဝဒြပ်ပေါင်းတွေအကြောင်း အတော်အာရုံစိုက်ကြပေမယ့် သူ့မှာ အခြေခံအာဟာရဓာတ်တွေလည်း ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးကြော၊ ဆဲလ်၊ တစ်ရှူး၊ ကြွက်သားတွေ အသစ်ဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

၄။ အရိုးကျန်းမာစေတယ်

ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်တယ်ဆိုပေမယ့် ဗီတာမင် K လို ဓာတ်မျိုးပါဝင်တာက ပိုထူးခြားနေပါတယ်။ ဗီတာမင် K ကို တခြားတွေ့နေကျ အစားအစာတွေမှာ သိပ်မတွေ့ရတတ်ပါဘူး။ ဗီတာမင် K ဟာ အရိုးသိပ်သည်းဆကို ပိုကောင်းစေပြီး အရိုးကျန်းမာရေးကို ကောင်းစေပါတယ်။

၅။ ကင်ဆာကာကွယ်တယ်

ကြက်သွန်မြိတ် က ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေအပါအဝင် ကင်ဆာရောဂါအတော်များများကို ကာကွယ်နိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့ပါးသွားအောင် ကူညီဖယ်ရှားပေးပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို ပျံ့နှံ့မှုနှေးအောင် ဟန့်တားပေးပါတယ်။ Zeaxanthinနဲ့ lutein လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။

၆။ မျက်စိအားကောင်းစေတယ်

ကြက်သွန်မြိတ်မှာပါတဲ့ carotenesတွေက အမြင်အာရုံစနစ်ကို ဒုက္ခပေးလာနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို လျော့ပါးစေပါတယ်။ သူက အသက်ကြီးလို့ဖြစ်ရတဲ့ မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း၊ နှေးကွေးစေခြင်းတို့အတွက် ကူညီပေးတယ်ဆိုတော့ အသက်ကြီးလည်း မပျက်စီးသေးတဲ့ အမြင်အာရုံကို ပိုင်ဆိုင်စေနိုင်တာပေါ့။

၇။ သန္ဓေသားအတွက် အားဖြည့်တယ်

ကြက်သွန်မြိတ်မှာပါတဲ့ ဖောလစ်အက်စစ်ဟာ သန္ဓေသား ကျန်းမာစွာဖွံ့ဖြိုးမှုအတွက် ကိုယ်ဝန်ဆောင်တွေ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်စစ်ဟာ မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်မပါလာအောင် ကာကွယ်ပေးပါတယ်။

၈။ အဆိပ်အတောက်တွေ သန့်စင်ပေးတယ်

ကြက်သွန်မြိတ်က ဆီးရွှင်တဲ့ အာနိသင်နည်းနည်းပါတဲ့အပြင် အဆိပ်အတောက်ဖယ်ရှားတဲ့ အာနိသင်၊ ဘက်တီးရီးယားတွေကို သေစေတဲ့ အာနိသင်ရယ်ကြောင့် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်ဓာတ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆိပ်အတောက်တွေ၊ အငန်တွေ၊ ရေတွေနဲ့ အဆီတွေကိုပါ ဆီးနဲ့အတူ စွန့်ထုတ်နိုင်အောင် အားပေးတာဖြစ်ပါတယ်။

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...