စပါးလင်ရဲ့ ဆေးဖက်ဝင်ပုံ နှင့် သတိပြုရန်အချက်အများ

Health Knowledge
စပါးလင်ရဲ့ ဆေးဖက်ဝင်ပုံ နှင့် သတိပြုရန်အချက်အများ

၁ ။ စပါးလင် ဆီကို အဆစ်အမျက် ရောင်ရမ်းသောနေရာ၌ နာနာပွတ်၍ လိမ်းပေးက အဆစ်ရောင်ရမ်းခြင်း လျော့၍ ပျောက်ကင်း၏။

၂ ။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏။

၃ ။ စပါးလင် လက်ဆုပ်ခန့်ကို အမြီး၊ ခေါင်း ဖြတ်၍ ရေနှင့် သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ ၃ ကြိမ်ထက်မနည်း သောက်ပါက ၃ ရက်ခန့် အကြာတွင် jaundice ခေါ် ဆီး ကြောင့်ဖြစ်သော အသားဝါရောဂါ ပျောက်ကင်း၏။

၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်းစေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်းစေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင် ရိုးရိုးအဖျားနှင့် ငှက်ဖျားပျောက်၏။

၅ ။ စပါးလင်အရည်သည် အစာမကြေ၊ ခံတွင်းမကောင်းသောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။

၆ ။ ငှက်ဖျားရောဂါ ထူထပ်သော ဒေသများတွင် ခြင်ကို ကာကွယ်နိုင်ရန်အတွက် စပါးလင်ဆီကို ဖယောင်းဖြင့် ရောကျို၍ ခြင်ကိုက်သည့် နေရာများတွင် သုတ်လိမ်းပေးရ၏။

ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့အတွက် စပါးလင်နှင့်စပါးလင်ဆီကို လိမ်းကြပါတယ်။
စပါးလင်ဆီကို ကြွက်သားနာကျင်ခြင်းတို့အတွက် ရှုဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပေါ်တွင် အသုံးပြုမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်၊ သဲဝဲ၊ ပြတ်ရှရာများ၊ အရွတ်ရောင်၊ အဆစ်လွဲ၊ အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။
စပါးလင်မှာ ဘက်တီးရီးယားနှင့် မှိုတို့ ပွားများခြင်းကို ဟန့်တားပေးသော၊ အနာသက်သာစေသော၊ အဖျားကျစေသော၊ သားအိမ်ကို လှုံ့ဆော်ပေးသော၊ ရာသီသွေးမှန်စေသော၊ ဓါတ်တိုးဆန့်ကျင်ပေးသော ဒြပ်ပစ္စည်းများ ပါဝင်ပါတယ်။

စပါးလင်ကို အစာအိမ် အောင့်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်း၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်များ နာကျင်ခြင်း (လေးဘက်နာ)၊ အဖျားတက်ခြင်း၊ အအေးမိခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ သက်သာစေရန်အတွက် အသုံးပြုပါတယ်။ ပိုးသတ်ခြင်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည်း အသုံးပြုပါသေးတယ်။

မြန်မာ့ဆေးကျမ်းများအလိုအရ စပါးလင်သည် ခါး၏ဖန်၏ နှလုံးလည်ချောင်းနှင့် ပက်သက်သောရောဂါ သွေးအန် ကာလဝမ်း ချောင်းဆိုး သလိပ်ဖျားတို့ကို နိုင်၏ လေ သလိပ်ကိုကြေစေ၏ သွေးကြွစေ၏ အစာကြေစေ၏ သည်းခြေပျက်စေ၏
ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ အစာကြေ စေရန်အတွက်၎င်း၊ ချွေးထွက်စေရန်အတွက်၎င်း အတွင်းဆေး အဖြစ် စားသုံးကြ၏။ ထိုပြင် ရေချိုးရာ၌၎င်း၊ ကျပ်ထုပ်ထိုး ရာ၌၎င်း စပါးလင်ကို အသုံးပြုကြသေးသည်။

သတိပြုရန် အချက်များ

အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင် စပါးလင်ကို မည်သည့်ပုံစံနှင့်မျှ အသုံးမပြုသင့်ပါ
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ ရှောင်သင့်သည်
စပါးလင်ကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သောက်ဆေးအဖြစ်အသုံးပြုခြင်းက ရာသီသွေးဆင်းစေသောကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။
စပါးလင်အဆီနဲ့ ဓါတ်မတည့်သောသူတို့အတွက်ကတော့ အရေပြားယားယံခြင်း၊ နေမထိထိုင်မသာ ဖြစ်ခြင်း၊အဖုအပိမ့်များထွက်ခြင်းနှင့် မီးနဲ့ ထိုးသကဲ့သို့ နာကျင်ခြင်းများ ခံစားရနိုင်ပါတယ်။

စပါးလင်ဆီက သွေးတွင်း သကြားဓါတ် ကျဆင်းစေပါတယ်။ ဆီချိုကျဆေး၊ သွေးပေါင်ကျဆေး သောက်သောသူများနှင့် ဆီးချိုသွေးချို၊ သွေးတွင်း သကြားဓါတ် ကျဆင်းတတ်သော သူများ အသုံးမပြုသင့်ပါ။
လူတိုင်းတော့ ယင်းဆိုးကျိုးတွေ မခံစားရနိုင်ပါ။စပါးလင်ကို သင့်တော်တဲ့ ပမာဏနဲ့ ရေတိုသုံးမယ်ဆိုရင်တော့ ဘေးကင်းမယ်လို့ ယူဆရပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...