မျောက်ကျောက်ရောဂါ(Mpox)ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေ ကြေညာ

Health International News
မျောက်ကျောက်ရောဂါ(Mpox)ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေ ကြေညာ

အာဖရိကတိုက်မှာ လူပေါင်းရာနဲ့ချီ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပါတယ်။

အရင်က မျောက်ကျောက်ရောဂါအဖြစ်သိကြတဲ့ ကူးစက်မှုမြင့်မားတဲ့ဒီရောဂါဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကနဦး ကူးစက်မှုတစ်ခုအတွင်း လူပေါင်း ၄၅၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အခုမျောက်ကျောက်ရောဂါပိုးဟာ ၂၀၂၂ ခုနှစ်တုန်းက ကူးစက်မှုဖြစ်ခဲ့ဖူးတဲ့ပိုးထက် ကူးစက်လွယ်ပြီး thayဆုံးနိုင်ခြေလည်း မြင့်တာကြောင့် သိပ္ပံပညာရှင်တွေက စိုးရိမ်တကြီး သတိရှိနေကြပါတယ်။

မျောက်ကျောက်(Mpox) ဟာ လိင်ဆက်ဆံမှု၊ အသားအရည်ချင်းထိတွေ့မှု၊ ရောဂါရှိသူတစ်ဦးနဲ့ နီးနီးကပ်ကပ်စကားပြောတာ ဒါမှမဟုတ် အသက်ရှုတာလို အနီးကပ်ထိတွေ့မှုနဲ့ ကူးစက်ခံရနိုင်ခြေရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ အာဖရိကတိုက်အတွင်း ပျံ့နှံ့နေတဲ့ ဒီရောဂါဟာ အာဖရိကတိုက်ကို ကျော်လွန်ပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ ”စိုးရိမ်စရာ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

မျောက်ကျောက်ရောဂါပိုး သရုပ်ဖော်ပုံ

”ဒီကူးစက်မှု ရပ်တန့်ဖို့နဲ့ လူ့အသက်တွေကို ကာကွယ်ဖို့ နိုင်ငံတကာအဆင့် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်တဲ့တုံ့ပြန်မှုလုပ်ဖို့ လိုအပ်တယ်” လို့လည်း သူက ပြောပါတယ်။

မျောက်ကျောက်(Mpox) ဟာ လိင်ဆက်ဆံမှု၊ အသားအရည်ချင်းထိတွေ့မှု၊ ရောဂါရှိသူတစ်ဦးနဲ့ နီးနီးကပ်ကပ်စကားပြောတာ ဒါမှမဟုတ် အသက်ရှုတာလို အနီးကပ်ထိတွေ့မှုနဲ့ ကူးစက်ခံရနိုင်ခြေရှိပါတယ်။

တုပ်ကွေးလို ရောဂါ လက္ခဏာတွေ၊ အရေပြားကွဲအက်တာနဲ့ သေဆုံးတာအထိဖြစ်နိုင်ပြီး ကူးစက်မှု ၁၀၀ မှာ ၄ ခုဟာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကူးစက်မှုတွေကို ကာကွယ်ဆေးထိုးတာနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးကို ရောဂါ ကူးစက်နိုင်တဲ့အန္တရာယ်ရှိတဲ့လူတွေ ဒါမှမဟုတ် ရောဂါ ကူးစက်ဖူးသူနဲ့ နီးနီးကပ်ကပ်ထိတွေ့ ဖူးသူတွေသာ ရရှိနိုင်ပါသေးတယ်။

ာ,၂၀၂၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့မျောက်ကျောက်ရောဂါပိုး ကူးစက်မှုကြောင့် ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိသူတွေကို ကာကွယ်ဆေးထိုးပေးတဲ့အထိဦးတည်စေခဲ့ပါတယ်

၂၀၂၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့မျောက်ကျောက်ရောဂါပိုး ကူးစက်မှုကြောင့် ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိသူတွေကို ကာကွယ်ဆေးထိုးပေးတဲ့အထိဦးတည်စေခဲ့ပါတယ်

မျောက်ကျောက်မှာ ကလပ် ဝမ်းနဲ့ ကလပ် တူး အဖြစ် အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် ၂၀၂၂ ခုနှစ်မှာ ကြေညာခဲ့တုန်းကတော့ ရောဂါ အပြင်းစားမဟုတ်တဲ့ ကလပ် တူး အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်ကတော့ ပိုပြီး ပြင်းထန်တဲ့ ကလပ် ဝမ်း အမျိုးအစားဖြစ်ပါတယ်။ အခု တစ်ခေါက် ကူးစက်တဲ့ ရောဂါပိုး အမျိုးအစားဟာ အရင်က ကူးစက်မှုမှာ ကူးစက်ခံရဖူးတဲ့ လူပေါင်း ၁၀ ရာခိုင်နှုန်းနဲ့အထက်ကို သေဆုံးနိုင်တဲ့အထိဖြစ်စေသလို ကူးစက်မှုလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါပိုး စမ်းသပ်ဖို့  ကလေးငယ်တစ်ဦးဆီကနေ နမူနာ ရယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး

ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါပိုး စမ်းသပ်ဖို့ ကလေးငယ်တစ်ဦးဆီကနေ နမူနာ ရယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး

ရောဂါပိုးဆိုရင်လည်း မျိုးဗီဇပိုင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကတည်းက အပြောင်းအလဲ ဖြစ်လာနေပါတယ်။ ပိုးရဲ့မျိုးဗီဇ သန္ဓေပြောင်းလဲမှုကြောင့်ပဲ ကလပ် ဝမ်း ဘီ လို့ခေါ်တဲ့ မျိုးပွားဖြစ်လာပြီး ကူးစက်မှုလည်း မြန်လာပါတယ်။ အခု ပိုးမျိုးစိတ်သစ်ကိုတော့ သိပ္ပံပညာရှင်တစ်ဦးကဆိုရင် ”အန္တရာယ်အကြီးဆုံး ပိုးမျိုးစိတ်တစ်ခု”အဖြစ် ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်စတုန်းကတော့ ကွန်ဂိုသမ္မတနိုင်ငံမှာ မျောက်ကျောက်ကူးစက်မှုပေါင်း ၁၃,၇၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၅၀ ထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီကတည်းက ဘူရွန်ဒီ၊ ဗဟိုအလယ်အာဖရိကသမ္မတနိုင်ငံ၊ ကင်ညာနဲ့ ရဝမ်ဒါ အပါအဝင် နောက်ထပ် အာဖရိက နိုင်ငံတွေမှာပါ တွေ့လာရပါတယ်။

မျောက်ကျောက်ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်တာကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသန၊ ရန်ပုံငွေနဲ့ နောက်ထပ် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအစီအမံတွေ လည်း အရှိန်ရလာဖို့ မျှော်လင့်ရပါတယ်။

Wellcom Trust က ဒေါက်တာ ဂျိုဆီ ဂိုးလ်ဒင်းကတော့ ဒါဟာ ”အချက်ပေးလိုက်တာ” ဖြစ်တယ်လို့ ပြီး အခု ကြေညာချက်ဟာ ”ဒီရောဂါအကျပ်အတည်းရဲ့အတိုင်းအဆကို ပေါ်လွင်သွားစေတယ်” လို့ အမ်မရီ တက္ကသိုလ်က ဒေါက်တာ ဘိုဟုမား တီယန်ဂျီက ပြောပါတယ်။

အောက်စဖို့ တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာ ထရူဒီ လန် ကတော့ အခုကြေညာချက်ဟာ ”အရေးပါပြီး အချိန်နဲ့တပြေးညီ” ဖြစ်တယ်လို့ ပြောပေမဲ့ ပိုးမျိုးကွဲအသစ် ထွက်ပေါ်လာတာဟာ ”ဖြေရှင်းဖို့လိုတဲ့ အဖြေမသိသေးတဲ့အကြောင်းအရာတွေလည်း ထွက်ပေါ်” လာတယ်လို့ ဆိုလိုရာ ရောက်တဲ့အကြောင်းပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ မျောက်ကျောက် ကလပ် တူး မျိုးကွဲဟာ ဥရောပနဲ့ အာရှနိုင်ငံအချို့အပါအဝင် နိုင်ငံပေါင်း ၁၀၀ နီးပါးကို ပျံ့နှံ့ခဲ့ပါတယ်။

မြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့တာကြောင့် အဲဒီကူးစက်မှုအတွင်း ကူးစက်မှုပေါင်း ၈၇,၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှု ၁၄၀ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဘယ်သူမဆို မျောက်ကျောက်ရောဂါ ကူးစက်နိုင်တယ်လို့ဆိုပေမဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေကြားမှာ ကူးစက်မှု ခပ်စိပ်စိပ်တွေ့ခဲ့ရပါတယ်။

ဒီကူးစက်မှုကြောင့်ပဲ ရောဂါကူးစက်လွယ် အစုအဖွဲ့တွေကြားမှာ ရောဂါ ကာကွယ်ဆေးထိုးပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကတော့ အာဖရိက ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက သိပ္ပံပညာရှင်တွေဟာ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

အဲဒီစင်တာအကြီးအကဲ ဂျင်း ကာဆဲယာကတော့ လက်ရှိ အခု ကူးစက်မှုဟာ မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မှု မလုပ်နိုင်ဘူးဆိုရင် မထိန်းနိုင်တဲ့အခြေစိုက်နိုင်တယ်လို့ သတိပေးပါတယ်။

”ကျွန်မတို့အနေနဲ့ ဒီခြိမ်းခြောက်မှုကို အမြစ်ဖြတ်ပြီး ထိန်းသိမ်းနိုင်မယ့် အားထုတ်လုပ်ဆောင်မှုတွေကို အရေးတကြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

အဲလက်စမစ် လည်း ပါဝင်ရေးသားထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...