လေဖြတ်နေပြီလားဆိုတာ သိနိုင်ဖို့ အမြန်ဆုံးစမ်းသပ်နည်း (၃) နည်း

Health Knowledge
လေဖြတ်နေပြီလားဆိုတာ သိနိုင်ဖို့ အမြန်ဆုံးစမ်းသပ်နည်း (၃) နည်း

၁။ ပြုံးခိုင်းကြည့်ပါ။
ပြုံးလို့ ပါးစပ်ရွဲ့နေမယ် ဒါမှမဟုတ် ပါးတစ်ဖက်ရွဲ့နေမယ်ဆိုရင် လေဖြတ်လို့ ကြွက်သားအားနည်းနေတာ ဖြစ်နိုင်ပါတယ်။

၂။ လက်နှစ်ဖက်ကို မြောက်ခိုင်ကြည့်ပါ။
တစ်ဖက်က ကောင်းကောင်းမမြောက်နိုင်ဘဲ အောက်စိုက်နေမယ်ဆိုရင် ဒီလို လက်မောင်း အားနည်းနေတာဟာလည်း လေဖြတ်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃။ သာမန်စကားတစ်ခုခု ပြောခိုင်းပါ။
စကားမပီဘဲ ဖြစ်နေရင် ဒါမှမဟုတ် တစ်ခုခုထူးဆန်းနေရင် ဦးနှောက်ရဲ့ စကားပြောဆိုမှုနဲ့ ဆိုင်တဲ့ အပိုင်းမှာ အောက်ဆီဂျင် ပြတ်လပ်နေလို့ ဖြစ်နိုင်ပါတယ်။
ဒီလိုလက္ခဏာတွေ တွေ့နေရပြီဆိုရင်တော့ ဆေးရုံကို အမြန်သွားပြီး ဆေးကုသမှုခံယူပါ..။

ကျန်းမာသုခပြည့်ဝကြပါစေ…
မိတ်ဆွေတို့အတွက် အသိပညာဗဟုသုတ တစ်စုံတစ်ရာတိုးပွားခဲ့တယ်ဆိုရင် ဒီ post လေးကို like and share ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်…

ရေးသားသူ –အဂ္ဂသိဒ္ဓိ – တိုင်းရင်းဆေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...