အမျိုးသားခွန်အား၊သားသမီးရတနာ ရစေသောဒဟတ်သဂို ၊ ဒဟတ်သကိုင်း၊ ဒဟဿကိုင်း

Health Knowledge
အမျိုးသားခွန်အား၊သားသမီးရတနာ ရစေသောဒဟတ်သဂို ၊ ဒဟတ်သကိုင်း၊ ဒဟဿကိုင်း

ဒီနေ့တော့ လူသိများပြီး ထင်ရှားသည့် ဒဟတ်သဂို အပင်လေးအကြောင်းတင်ပြလိုသည်၊ ဆေးဖက်ဝင်လှသော ဒီအပင်က ယခင်က အရိုင်းပေါက်သော အပင်အနေဖြင့်တွေ့နိုင်ခဲ့သည်၊ သို့သော်လည်း ဆေးဝင်ပိုင်းက အမြစ်ဖြစ်လေတော့ တူးရင်းတူးရင်းနဲ့ ရှားပါးလာလိုက်တာ ယခုအခါမှာတော့ သဘာဝအတိုင်းမတွေ့ရသလောက်ပင်ဖြစ်ရသည်၊ ဆရာဦးသိုက်ထွန်း တို့လို ပြန်စိုက်ထားသော စိုက်ခင်းတွေမှာသာရှိတော့သည်၊ ဒဟတ်သဂို ဆိုတာနှင့် ဒဟတ်ပင်နှင့်မမှားစေလိုပါ၊ ဒဟတ် Tectona သည် အပင်ကြီး Tree ဖြစ်သည်၊ ယခုအပင်ကမူ လူတရပ်ထက်နိမ့်သော အပင်ခြုံပင်လေးသာဖြစ်သည်၊ ဆေးဖက်ဝင်လွန်းလို့ Indian ဂျင်ဆင်းပင် လို့တောင်တင်စားကြရသည်၊ အမျိုးသားအားတိုးဆေးတွေမှာ ဆေးဝင်အပင်အဖြစ် မကြာမကြာပါနေလို့ သတိထားမိသောအပင်လည်းဖြစ်သည်၊


ပေါက်ရာဒေသ

မြန်မာနိုင်ငံတွင် မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင် အလေ့ကျပေါက်သည်။ မူရင်းဒေသမှာ India မှာစတင်တွေ့ရှိခဲ့ပြီး အာဖရိက ကမ္ဘာ့အရှေ့အလယ်ပိုင်း ဒေသများနှင့် မြေထဲပင်လယ် ဒေသများ တွင်ပေါက်ရောက်သည်။

အပင်သရုပ်

ဒဟတ်သဂို အပင်သည် တနှစ်ခံ သို့ နှစ်ရှည်ခံ အပင်မျိုးဖြစ်သည်။ ပင်စည် ထောင်မတ်သည် ကိုင်းဖြာသည် ၄ပေ ခန့်အထိမြင့်သည်။ အရွက်က ဘဲဥပုံ ရှိသည် အပေါ်ဖက်က အစိမ်းရင့်ရောင် အောက်ဖက်က အဖြူရောင်ဖြစ်သည်။ ၂ ဖက်စလုံး နုညံ့သော အမွှေးလေးများ ဖုံးနေသည်။ အဆစ် တဆစ်မှာ အရွက် ၂ ၇ွက် မှ ၃ ရွက်အထိစုထွက်ကြသည်။ ပန်းခိုင်က ကြားထွက်ဖြစ်ပြီး ၂ မှ ၄ ပွင့်အထိရှိသည်။ အစိမ်းရောင် အဝါဖြော့ သော ပန်းတို့ပွင့်ကြသည်။ အသီးအိတ် သည် ဗေါက်သီးနှင့်တူသည်။ အတွင်းတွင် စားတော်ပဲလုံးမျှ အနီရောင် အသီးလုံး ရှိပြီး အဝါရောင် အစေ့ငယ် များစွာ ပါသည်။
ဆေး၀င်သော အပိုင်းမှာ
အမြစ် အရွက် အသီး တို့ဖြစ်သည်။

တိုင်းရင်းဆေးကျမ်းများအလိုအရ…
ဒဟတ်သဂို အမြစ်သည် ချို၏။ ဖန်၏။ ခါးသက်သက်ရှိ၏။ ဝါပါကန်ပူ၏။ ဝြဖိုးစေ၏။ ဓာတ်တို့ကို ပြုပြင်တတ်၏။ ကာမကိုအားပေး၏။အိပ်ပျော်စေ၏။ ဆီးရွှင်၏။အားနည်းခြင်း၊အဖုအကြိတ် နှင့်ခယဂုဂ်ရောဂါတို့သည်အသုံးပြပါက များစွာအကျိုးရှိ၏။၎င်းသည် အထူးအားဖြင့် အမြစ်ကိုအသုံးပြုရသည်။များစွာ စွမ်းရည် သတ္တိရှိ၍ လူသားတို့အားအကျိုးပြုသော အပင်ဖြစ်၍ အရွက်၊ အပွင့်၊ အသီး တို့လည်း ဆေးဖက်တွင် ထည့်သွင်း အသုံးပြုကြရသည်။

အသုံးပြုပုံ

၁။ အရွက်ကို ကြက်ဆူဆီသုတ်ပြီး မီးအနဲငယ်ကင် ၊ အနာများအပေါ်ကပ် နုလျှင်ပိန်ပြီး ရင့်လျှင် ပေါက်သွားမည်။
၂။ အင်အားတိုးပွားစေရန် ဒဟတ်သဂို အမြစ် မှုန့် တကျပ်သား ထောပတ် တကျပ်သား နွားနို့ ၁၀ သား၊ မီး ညှင်းညှင်းနှင့် ချက် ၊ နံနက် ည လဘက်ရည်ဇွန်း တ ဇွန်းခန့် သောက်သုံး နိုင်သည်။
၃။ သားသမီးအဖတ်မတင်သူများ မြုံသော သူများ ဒဟတ်သဂိုအမှုန့် ၃ ပဲသားမှ ၇ ပဲသား အထိ မီးယပ်မလာခင် ကြိုသောက်ပြီး နွားနို့ ထမင်းကို သောက်ပါက ကိုယ်၀န် တည်မြဲ စေနိုင်သည်။
ဆီးနောက်ခြင်း၊ ဆီးအနယ်ပါခြင်း အတွက် ဒဟတ်သဂိုအမှုန့် ၃ ပဲသားကို ကြိတ်ပြီး ရေအေးဖြင့် တိုက်ကျွေးနိုင်သည်။
၄။ မီးယပ် သွေးသွန်ခြင်းအတွက် ဒဟတ်သဂိုအမှုန့်
နှင့် သကြား ဆတူရောပြီး သောက်သုံးနိုင်သည်။
( Ref:ဆေးဖက်၀င်အပင်များ တိုင်းရင်းဆေး)
ကဲ တိုင်းရင်းဆေးဖက်ဝင် ဒဟတ်သဂိုအပင်ကို မြင်ဖူးကြပါရဲ့လား၊ ရုက္ခဗေဒမှာတော့
ပဒိုင်းခတ္တာပြီးရင် အထင်ရှားဆုံးအပင်တပင်ပါ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...