မျောက်ကျောက်ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ

Health Knowledge
မျောက်ကျောက်ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ

၁ ။ တိရိစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ခြင်း မလုပ်ပါနဲ့ ။
၂ ။ ဖျားနာ သေဆုံးနေတဲ့ သတ္တဝါတွေကို အထူးရှောင်ပါ ။
၃ ။ ရောဂါပိုးရှိသည်ဟု သံသယရှိသော တိရိစ္ဆာန် တွေကို သီးခြား ခွဲထားပါ ။
၄ ။ တကိုယ်ရေ သန့်ရှင်းရေး နေ့စဉ် ပြုလုပ်ပါ ။
၅ ။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ (သို့) လက်သန့် ဆေးရည် သုံးပါ ။
၆ ။ သင့်ခန္ဓာကိုယ်ကို အကာအကွယ် အသုံးပြုပါ ။

မျောက်ကျောက်ရောဂါပိုးကူးစက်ခံရလျှင်ပြလာတတ်တဲ့လက္ခဏာများ

ကျောက်ရောဂါနဲ့ ပုံစံခြင်း တူပါတယ် ။
ထိုရောဂါကူးစက်ခံရပြီး (၇)ရက် မှ (၁၄)ရက် အတွင်း
ရောဂါလက္ခဏာပြနိုင်သလို ရောဂါကူးစက်ခံရပြီး (၅)ရက် မှ(၂၁)ရက်အတွင်း ရောဂါလက္ခဏာ ပြတာမျိုးလည်း ရှိတတ်ပါတယ် ။

ထိုရောဂါ ကူးစက်ခံပြီဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာများကတော့….
၁ ။ အဖျားဝင်ခြင်း ။
၂ ။ ခေါင်းကိုက်ပြီး အဆစ်အမြစ်တွေ နာလာခြင်း ။
၃ ။ ခြေကုန်လက်ပန်းကျပြီး ရင်တုန် မောပန်းလာခြင်း ။
– အဖျားဝင်ပြီး (၁)ရက် မှ (၃)ရက် အတွင်း အဖု အပိတ်တွေ စထွက်လာခြင်း ။
– ထိုအဖုအပိတ်တွေဟာ ပထမ မျက်နှာမှ တဆင့် ခန္ဓာကိုယ်သို့ တဖြည်းဖြည်း ပြန့်သွားပါမယ် ။

– နောက်ထပ် အသားအရေအရောင်ပါ ပြောင်းလာပါတယ် ။
– အနာစက်တွေ ထွက်လာခြင်း ။
– အရေကြည်ဖုတွေ ထွက်လာခြင်း ။
– ပြည်တည်နာ ပုံစံလို အနာများ ထွက်လာခြင်း ။
– ထို မျောက်ကျောက်ရောဂါကို ၁၄-ရက် မှ ၁-လ နီးပါးအထိ ခံစားရပါတယ် ။
– ထို့နောက် တဖြည်းဖြည်း ပြန်လည် သက်သာသွားပါတယ် ။
– တခြားနိုင်ငံတွေမှာတော့ သေဆုံးမှု နည်းပါးသည်ဟု သိရပါတယ်ခင်ဗျာ ။
အားလုံး ရောဂါဘယ ကင်းရှင်းကြပါစေ ။

Crd- ဒေါက်တာ စည်သူထင်လတ် ။

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...