အနံ့ပြင်းပြီး တောထအောင်ပေါက်လေ့ရှိတဲ့ ပိစပ်ရွက် ရဲ့အာနိသင်
ပိစပ်ရွက် ဘိစပ် ဇာမဏီခြုံ
ဘီးစပ်ရွက်•ဇာမဏီရွက်•တောရှုပ်ရွက်.• နတ်ဆေးရွက်
အချို့နယ်များတွင်ရှမ်းပြေးရွက်လို့ခေါ်ကြသည်
သုတေသနလေ့လာချက်များအရဘတ်တီးရီးယားတွေဆန့်ကျင်နိုင်သည်
ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ကူးစက်ဖျားနာရောဂါ အပါအဝင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
အရောင်ကျအာနိသင်
ရောင်ရမ်းခြင်းလျော့ကျစေတာကြောင့် အစာအိမ်နာ ကိုသက်သာစေသည်
သွေးခဲစေသောအာနိသင်
ထိခိုက်ဒဏ်ရာရ၍သွေးထွက်ပါကသွေးတိတ်စေသည်
အနာကျက်အာနိသင်
အနာကျက်မြန်စေတာကြောင့်ထိခိုက်ပွန်းပဲ့နာ အရေးပြားနာ အပူလောက်နာများ သက်သာစေသည်
အပင်ပေါ်ပိုင်းသည် ငှက်ဖျားသက်သာစေသည် အရောင်ကျစေသည် ဘတ်တီးရီးယားသက်သာစေသည်
အပင်တပင်လုံးသည် အကိုက်အခဲသက်သာစေသည် အရောင်ကျစေသည် ဘတ်တီးရီးယားသက်သာစေသည် အျဖားကျစေသည်
အရွက်သည် အနက်ကျက်စေသည်
ရိုးရာဆေးအနေဖြင့်အရောင်ကျစေသည် ဘတ်တီးရီးယားသက်သာစေသည် ဓာတ်တို့ဆန့်ကျင်အာနိသင်ရှိသည်
အပွင့်သည်TBပိုးသေစေသည် ကင်ဆာကာကွယ်ပေးသည်
အအေးမိ လည်ချောင်းနာ ပါက ပိစပ်ရွက်ပြုတ်ရည်ကို ဆားအနည်းငယ်ထည့်၍ပလုပ်ကျင်းပေးပါကသက်သာစေသည်
ချောင်းဆိုးပါက ပိစပ်ရွက်ပြုတ်ရည်ကို သောက်ပေးပါ
ငှက်ဖျားဖြစ်ပါက ပိစပ်ရွက်ကို ရှောက်ရွက် မာလကာရွက်တို့နှင့်ပြုတ်၍သောက်ပါ
ပွန်းပဲ့ ရှနာ များ အရွက်ကြိတ်၍အုံပေးပါပါက သွေးအမြန်တိတ်စေရုံသာမက အနာပါအကျက်မြန်စေသည်
ထိုင်းနိုင်ငံတွင် အရွက်ကို အနာကျက်စေရန်နှင့်အရောင်ကျစေရန်သုံးသည် အပွင့် သည် အားအင်ဖြစ်စေသည် အဖျားပျောက်စေသည် နှလုံးအားကောင်းစေသည်
ဗီယက်နမ်တွင် မျော့ကိုက်ခြင်း ပွန်းပဲ့ရာ ရခြင်း အရေပြားနာများ သွားနှင့်ခံတွင်းနာများ တွင် ပိစပ်ရွက်ကိုအစိမ်း သို့ပြုတ်၍ ဆေးအဖြစ်သုံးသည်
အချို့လေ့လာချက်များအရဆေးလိပ်သောက်ချင်စိတ်ကိုလျော့ပါးစေသည်ဟုတွေ့ရသည် အစာအိမ်နာ အဖျား ချောင်းဆိုး အသားဝါခြင်း ကုသရာမှာသုံးသည်
ဆီးရွှင်စေပြီးသွေးတိုးကျစေသည်
ဝမ်းပျက်ဝမ်းလျောပါကလည်းအသုံးပြုသည်
သတိပြုရန်
သင့်တော်တဲ့ပမာဏကိုရေတိုသုံးစွဲပါကဘေးမရှိပါ
carcinogenic pyrrolizidine alkaloids ပါတာကြောင့် ရေရှည်စွဲပြီး အလွန်အကျွံသုံးပါက အသည်းထိခိုက်စေပါသည်
ရေးသားသူ –Crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။