အိပ်မပျော်ခြင်းနှင့် တိုင်းရင်းဆေး

Health Knowledge
အိပ်မပျော်ခြင်းနှင့် တိုင်းရင်းဆေး

အိပ်မပျော်ခြင်းသည် စိတ်ကိုအနှောင့်အယှက်ပြုသည့် ရောဂါတစ်ရပ်ဖြစ်ပြီး အိပ်ရေးမဝသောကြောင့် နေ့ပိုင်းကာလ အလုပ်လုပ်ရာတွင် များစွာ အနှောင့်အယှက်ဖြစ်စေပါသည်။ အိပ်မပျော်ခြင်းသည် နာတာရှည်ဖြစ်လာပါက ကျန်းမာရေးကို ကြီးမာစွာ ထိခိုက်စေနိုင်ပါသည်။

အိပ်မပျော်ခြင်းအတွက် အသုံး၀င်သော တိုင်းရင်းဆေးနည်းများမှာ-

၁။ ပျားရည် ( သဘာ၀ပျားရည် စစ်စစ်) လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေကျက်အေး တစ်ဖန်ခွက်ဖြင့် ရောစပ်၍ အိပ်ရာမ၀င်ခင် သောက်သုံးပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။

၂။ သံပုရာသီးတစ်လုံးကို ညှစ်၍ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေနွေးတစ်ဖန်ခွက်တွင် ဖျော်၍လည်း သောက်သုံးပေးနိုင်ပါသည်။

၃။ ကြက်သွန်နီကို ညစာစားသည့်အခါ စားပေးပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။

၄။ လတ်တလော အိပ်မပျော်သော ရောဂါအတွက် ဒိန်ချဉ်ကို စားသုံးပေးနိုင်ပါသည်။

၅။ မြင်းခွာရွက်သတ္တုရည်ကို ပျားရည်ဖြင့် ရောစပ်၍ လျက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။

မိတ်ဆွေတို့အတွက် အသိပညာဗဟုသုတ တစ်စုံတစ်ရာတိုးပွားခဲ့တယ်ဆိုရင် ဒီ post လေးကို like and share ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်…

အားလုံးဘဲ ကျန်းမာသုခပြည့်ဝကြပါစေ…

ရေးသားသူ -အဂ္ဂသိဒ္ဓိတိုင်ရင်းဆေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...