မျောက်ကျောက်ရောဂါဟာ ဘယ်လိုနည်းလမ်းနဲ့ ကူးစက်နိုင်လဲ

Health International News Knowledge
မျောက်ကျောက်ရောဂါဟာ ဘယ်လိုနည်းလမ်းနဲ့ ကူးစက်နိုင်လဲ

ခရီးသွားရင် အမ်ကျောက်ရောဂါ ကာကွယ်ဆေးထိုးဖို့ ကြံပေး

 အမ်ကျောက်ရောဂါကြောင့် တုပ်ကွေးနဲ့ အင်ပြင်တွေထွက်

အာဖရိကတိုက်က အမ်ကျောက်ရောဂါ ဖြစ်နေတဲ့ နေရာတွေကို သွားမယ့် ခရီးသွားတွေ ဆေးထိုးသင့်တယ်ဆိုပြီး ဥရောပ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာ (အီးစီဒီစီ)က အကြံပြုထားပါတယ်။

အရင် မျောက်ကျောက်လို့ ခေါ်တဲ့ Mpox ကျောက်ရောဂါနဲ့ ပတ်သက်ပြီး အခုလို အကြံပြုခဲ့တာပါ။

အမ်ကျောက် ဗိုင်းရပ်ပိုး အမျိုးအစားသစ် ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့အတွက် ဒီစင်တာကနေ အကြံပေးချက်သစ်တွေကို ဖြည့်စွက်ထားတာပါ။ ဥရောပနဲ့ တခြားကမ္ဘာ့တိုက်ကြီးတွေမှာ ဒီရောဂါပိုး ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒီရောဂါပိုး နေရာတကာကို ပြန့်သွားဖို့က ဖြစ်နိုင်ခြေ နည်းကြောင်း အီးစီဒီစီ က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီရောဂါက ကမ္ဘာ့အရေးပေါ် အခြေအနေ ရောက်နေပြီ ဆိုပြီး မကြာခင်က ကြေညာခဲ့ပါတယ်။

အရင်က မျောက်ကျောက်လို့ သိခဲ့တဲ့ ရောဂါဟာ ဒီရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့မိတာကနေ ကူးစက်နိုင်ပါတယ်။

အရင်က အမ်ကျောက်ရောဂါ ကာကွယ်ဆေး ထိုးဖူးသူတွေအတွက် နှစ်လုံး ထိုးစရာ မလိုဘဲ တလုံးပဲ ထပ်ထိုးဖို့ လိုနိုင်ပါတယ်။

ကလိတ် ဝမ်းဘီလို့ ခေါ်တဲ့ အမ်ကျောက်ရောဂါ မျိုးသစ် ကြောင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ဒီလပိုင်းအတွင်း အနည်းဆုံး လူ ၄၅၀ thayဆုံးခဲ့ပါတယ်။

အမ်ကျောက်အကြောင်း သိထားသမျှ

အမ်ကျောက်ရောဂါဟာ အောက်ပါနည်းတွေနဲ့ လူလူချင်း ကူးစက်နိုင်ပါတယ်။

-အမ်ကျောက်ပိုးရှိတဲ့ အရည်ကြည်ဖုတွေ၊ အနာဖေးတွေနဲ့ အနီးကပ် ထိမိတာ (လိင်ဆက်ဆံတာ၊ နမ်းရှုပ်တာ၊ ဖက်တာနဲ့ လက်ချင်းထိတာတွေ ပါပါတယ်)

-အမ်ကျောက်ပိုးရှိသူ သုံးတဲ့ အဝတ်အစား၊ အိပ်ရာခင်းနဲ့ တဘက်ပုဝါတွေနဲ့ ထိမိတာ

– အမ်ကျောက်ပိုးရှိသူက အနားကပ်ပြီး ချောင်းဆိုး နှာချေတာ

အမ်ကျောက်ကြောင့် တုပ်ကွေးလို ရောဂါလက္ခဏာတွေ၊ အရေပြားဒဏ်ရာတွေ ဖြစ်စေပြီး thayတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဝမ်းဘီ အမ်ကျောက်ပိုး မျိုးသစ် အကြောင်း အများကြီး လေ့လာစရာ လိုသေးကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီပိုးက ပိုကူးစက်လွယ်ပြီး ပိုပြီး ပြင်းထန်နိုင်ပါတယ်။

အာဖရိကမှာ အမ်ကျောက်ရောဂါ အမြန်ကူးစက်နေ

အာဖရိကမှာ အမ်ကျောက်ရောဂါ အမြန်ကူးစက်နေတဲ့အတွက် ဒီရောဂါကူးစက်တဲ့ နေရာတွေကို သွားသူတွေနဲ့ ဥရောပသမဂ္ဂက ပြည်သူတွေအတွက် အန္တရာယ်အဆင့်ကို အီးစီဒီစီက တိုးမြှင့်လိုက်ကြောင်း အဲဒီက အရာရှိတဦးက ပြောပါတယ်။ ဥရောပနဲ့ အာဖရိကကြား ဆက်သွယ်မှု များတဲ့အတွက် နောက်ထပ် ကလိတ်ဝမ်း လူနာသစ်တွေ ထပ်ဝင်လာမှာကို ပြင်ထားရမယ်လို့လည်း ဆိုပါတယ်။

လောလောဆယ် ဗြိတိန်မှာ ဝမ်းဘီ အမ်ကျောက် လူနာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ နိုင်ငံတကာက ဒီရောဂါကို ကိုင်တွယ် အရေးယူတာတွေ မလုပ်ရင် ကူးလာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အာဖရိကမှာ အဓိကကူးစက်နေတဲ့ အမ်ကျောက်ရောဂါ

ဆွီဒင်မှာ အမ်ကျောက်ရောဂါရှင်တယောက် တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါ ကူးစက်နေတဲ့ အာဖရိကမှာ ကူးခဲ့တာပါ။

နောက်ထပ် ဒီရောဂါရှင်တွေ ဥရောပမှာ ထပ်တွေ့လာမလား အမြန်စုံစမ်းနိုင်အောင် စီမံကြဖို့ ပြည်သူ့ကျန်းမာရေး အာဏာပိုင်တွေကို အီးစီဒီစီက အကြံပြုပါတယ်။

၂၀၂၂ က ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ အမ်ကျောက် ပိုး အမျိုးအစားက ပိုးသစ်လောက် မပြင်းထန်ဘဲ ကလိပ် တူး လို့ ခေါ်ပါတယ်။

အမ်ကျောက်အတွက် ထက်မြက်တဲ့ ကာကွယ်ဆေးတွေ ရှိပေမယ့်လည်း လက်ရှိ အလိုအပ်ဆုံးနေရာတွေမှာ သုံးဖို့ ရတဲ့ ကာကွယ်ဆေး ပမာဏက နည်းနည်းလေးပဲ ရှိနေပါတယ်။

 

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...