ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် အသက် ၁၁၇ နှစ်မှာ ကွယ်လွန်

International News
ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် အသက် ၁၁၇ နှစ်မှာ ကွယ်လွန်

ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် အမေရိကန်နိုင်ငံဖွား မာရီယာ ဘရန်ရက်စ် မိုရီရာဟာ အသက် ၁၁၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သူ့ရဲ့မိသားစုက လူမှုကွန်ယက်အကောင့်မှာ ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကလည်း အသက် ၁၁၇ နှစ် ၁၆၈ ရက်မှာ သူ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ သူ့ကို သမိုင်းမှာ အတည်ပြုနိုင်တဲ့ အဋ္ဌမမြောက် အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာစေခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ “မာရီယာက Catalonia မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။ မာရီယာဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မာရီယာရဲ့မိသားစုကတော့ သေဆုံးကြောင်းကြေညာချက်ကို အင်္ဂါနေ့ကမှ တွစ်တာ (X) လူမှုကွန်ယက်အကောင့်ကနေ ကြေညာပေးခဲ့တာပါ။ “သူ လိုချင်တဲ့လမ်းအတိုင်း အေးချမ်းစွာနဲ့ နာကျင်မှုမရှိဘဲ သေဆုံးသွားခဲ့ပါပြီ” လို့ ရေးသားထားပါတယ်။ မာရီယာက သူမသေဆုံးခင် အချိန်တိုအတွင်းမှာ သူ့မိသားစုကို အခုလိုပြောခဲ့ပါသေးတယ်။ “ငါ ဘယ်တော့သေမလဲ မသိဘူး။ ဒါပေမဲ့ မကြာခင် ဒီခရီးရှည်ကြီးက အဆုံးသတ်တော့မယ်။ သေခြင်းတရားက ငါ့ကို လာရှာတော့မယ်။ ဒါပေမဲ့ ငါ ပြုံးပျော်ရွှင်စွာ လွတ်လွပ်လပ်လပ်နဲ့ ကျေနပ်စေပါတယ်”တဲ့။

မာရီရာကို ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ပြင်သစ်သီလရှင်သေဆုံးပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...