ခန္ဓာကိုယ်ရဲ့နေရာ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ဖူအာဇီနာ

International News
ခန္ဓာကိုယ်ရဲ့နေရာ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ဖူအာဇီနာ

မေရိကန်အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်ရဲ့နေရာ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ကွန်နက်တီကပ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ဖူအာဇီနာဟာ တက်တူးအများဆုံး ထိုးထားတဲ့ အမျိုးသမီး၊ ခန္ဓာကိုယ် ပြင်ဆင်မှု အများဆုံးလုပ်ထားတဲ့ အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

ဖူအာဇီနာဟာ ယခင်စံချိန်ဟောင်းဖြစ်တဲ့ မာရီယာဟိုဆေးခရစ္စတာနာရဲ့စံချိန်ထက် တက်တူး ၄၀ ပိုများခဲ့ပြီး တက်တူး ၈၉ ခုနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်မှာ ပထမဆုံး တက်တူးထိုးခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်မှာ ခန္ဓာကိုယ်ပြင်ဆင်မှုအဖြစ် လျှာနှစ်ခွဖြစ်အောင် ပြင်ဆင်ခဲ့တာပါ။ ဖူအာဇီနာရဲ့ ခန္ဓာကိုယ် ပြင်ဆင်မှုတွေထဲမှာ နားဖောက်တာ၊ နှာခေါင်းဖောက်တာ အစရှိတဲ့ ခန္ဓာကိုယ်ဖောက်ခြင်း အများအပြားပါဝင်ပြီး တစ်သျှူးတွေကို ဆန့်ထုတ်တာ၊ မျက်လုံးတွေမှာ တက်တူးထိုးတာတွေ ပါဝင်ပါတယ်။

ဖူအာဇီနာဟာ ခန္ဓာကိုယ်ရဲ့ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဖြစ်ပေမဲ့ သူ့ရဲ့ခရီးစဉ်က မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...