ဂျာမနီမှာ ရေကူးကန်တူးဖော်ရာကနေ ရှေးဟောင်းငွေဒင်္ဂါးထောင်ချီ တွေ့ရှိ

International News
ဂျာမနီမှာ ရေကူးကန်တူးဖော်ရာကနေ ရှေးဟောင်းငွေဒင်္ဂါးထောင်ချီ တွေ့ရှိ

ဂျာမနီနိုင်ငံမှ မိသားစုတစ်စုဟာ ရေကူးကန်တူးဖော်ရာကနေ ရှေးဟောင်းငွေဒင်္ဂါးထောင်ချီ တွေ့ရှိခဲ့ပါတယ်။ Live Science ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ၁၉၄၉ ခုနှစ်နောက်ပိုင်း ဖရိုင်းဘတ်ဒေသမှာ အကြီးမားဆုံး ရတနာပစ္စည်းတွေ့ရှိမှုဖြစ်တယ်လို့ သိရပါတယ်။ ဖရိုင်းဘတ်ဒေသဟာ တစ်ချိန်က ဂျာမနီနိုင်ငံမှာ ငွေထည်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ရာနေရာတစ်ခု ဖြစ်ခဲ့တာပါ။

ကလော့စ်ဗိုကာတို့ ဇနီးမောင်နှံဟာ ရေကူးကန် တူးနေရင်း ငွေဒင်္ဂါးပြားတွေ တွေ့ရှိခဲ့လို့ ဒေသခံကောင်စီထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး သူတို့ဆီကို အောင်လက်မှတ်ရ သတ္တုရှာဖွေသူ ၃ ယောက် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာ ၁၄ ရာစုမှ ငွေဒင်္ဂါးပြား ၁၀၀၀ တူးဖော်တွေ့ရှိခဲ့ပြီး ရက်ပိုင်းအကြာမှာ နောက်ထပ်ငွေဒင်္ဂါး ၆၀၀ တွေ့ရှိခဲ့တာပါ။


အခုလို ငွေဒင်္ဂါးတွေ တူးဖော်တွေ့ရှိမှုဟာ ဖရိုင်းဘတ်ဒေသမှ ဘရစ်ဂေါ်အရပ်ရဲ့ သမိုင်းကြောင်းနဲ့ ငွေဒင်္ဂါး သွန်းလောင်းမှုအကြောင်း ပိုမိုသိရှိအောင် အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

” ဒီငွေဒင်္ဂါးတွေနဲ့ဆိုရင် သိုးအကောင် ၁၅၀ လောက် ဝယ်လို့ ရပါတယ်။ အဓိကကတော့ ဘရိုင်ဆက်၊ ဇိုဖင်ဂန်နဲ့ ဖရိုင်းဘတ်ဒေသတွေမှာ ၁၃၂၀ ပြည့်နှစ်တစ်ဝိုက်က သွန်းလောင်းခဲ့တဲ့ ငွေဒင်္ဂါးတွေပါ”လို့ ရှေးဟောင်းပညာရှင် အန်ဒရီဟာဆစ်ဘာနာက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...