စီအီးအို မှာ ကွယ်ဝှက်ထိမ်ချန်ထားတဲ့အကြောင်း‌ကိစ္စတွေမရှိဘူးလို့ တယ်လီဂရမ် ဘက်ကပြောလာ

စီအီးအို မှာ ကွယ်ဝှက်ထိမ်ချန်ထားတဲ့အကြောင်း‌ကိစ္စတွေမရှိဘူးလို့ တယ်လီဂရမ် ဘက်ကပြောလာ

International News
စီအီးအို မှာ ကွယ်ဝှက်ထိမ်ချန်ထားတဲ့အကြောင်း‌ကိစ္စတွေမရှိဘူးလို့
တယ်လီဂရမ် ဘက်ကပြောလာ


ဘာစီလိုနာမြို့မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့ Mobile World ကွန်ဂရက်စ်မှာ တွေ့ရတဲ့ တယ်လီဂရမ် အမှုဆောင်ချုပ်

တယ်လီဂရမ်အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်မှာ ကွယ်ဝှက်ထိန်ချန်ထားစရာအကြောင်းကိစ္စတွေ မရှိဘူးဆိုပြီး တယ်လီဂရမ်ဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

မစ္စတာ ဒူရော့ဗ်ဟာ တယ်လီဂရမ် အပလီကေးရှင်းနဲ့ ပတ်သတ်တဲ့ ချိုးဖောက်မှုတွေကြောင့် ပြင်သစ်နိုင်ငံ တောင်ပိုင်းက လေဆိပ်တစ်ခုကို ရောက်ချိန် မနေ့က ဖမ်းဆီးခံခဲ့ရတာကို ပြင်သစ်ဘက် က ပြောထားပါတယ်။

ရာဇဝတ်မှုမကင်းတဲ့ကိစ္စတွေအတွက် တယ်လီဂရမ်ကို အသုံးပြုတာကို မစ္စတာ ဒူရော့ဗ်ဘက်က ထိန်းကွပ်ဖို့ လုပ်ဆောင်တာတွေ မရှိခဲ့ဘူးဆိုပြီး စွပ်စွဲခံရတာနဲ့ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်ပါတယ်။

ဒါ့အပြင် တယ်လီဂရမ်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ လိမ်လည်မှုတွေတိုက်ဖျက်ရေးအပိုင်းမှာ တရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့လည်း စွပ်စွဲခံထားရတာဖြစ်ပါတယ်။

တယ်လီဂရမ်ဘက်ကတော့ ‘’အပလီကေးရှင်းမှာ တင်ကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ထိန်းညှိမှုအပိုင်းကို နည်းပညာနယ်ပယ်စံနှုန်းတွေအတိုင်းလိုက်လုပ်နေပြီး စဥ်ဆက်မပြတ်တိုးတက်အောင်လည်း လုပ်နေတယ်’’ လို့ ပြောပါတယ်။

နောက်ပြီး ‘’ဒီပလက်ဖောင်းကို အလွဲသုံးနေတာကို ပလက်ဖောင်းကိုပဲဖြစ်ဖြစ် ပိုင်ရှင်ကိုပဲ ဖြစ်ဖြစ် တာဝန်ယူခိုင်းတာလည်း ယုတ္တိမရှိဘူး’’ လို့ ဆိုပါတယ်။

တယ်လီဂရမ်ဘက်ကတော့ မစ္စတာ ဒူရော့ဗ်ဟာ ဥရောပသမဂ္ဂရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ဥရောပကို မကြာခဏခရီးထွက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

တယ်လီဂရမ်ဟာ ရုရှား၊ ယူကရိန်းနဲ့ အရင်က ဆိုဗီယက်ပြည်ထောင်စုဟောင်းမှာပါဝင်ခဲ့တဲ့ နိုင်ငံတွေမှာတင် မက မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့အပလီကေးရှင်းဖြစ်ပါတယ်။

အချက်အလက်တွေ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ရုရှားက တယ်လီဂရမ်ကို နိုင်ငံထဲမှာ အသုံးပြုခွင့်ကို ၂၀၁၈ ခုနှစ်တုန်းက ပိတ်ပင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ပြန်အသုံးပြုခွင့် ပေးခဲ့ပါတယ်။

သူဟာ တယ်လီဂရမ်ကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး သူ ထူထောင်ခဲ့တဲ့ VK လူမှုကွန်ရက်မှာ အတိုက်အခံအင်အားစုတွေကို အသုံးပြုခွင့်မပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကနေ ထွက်ခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...