ထိုင်းအမြန်ရထားလမ်း လုပ်ငန်းခွင်မြေပြိုမှု မြန်မာလုပ်သားတစ်ဦး thayဆုံး
ထိုင်းနိုင်ငံက အမြန်ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင် လိုဏ်ခေါင်းတူးချိန် မြေပြိုကျမှုမှာ ပိတ်မိခဲ့သူ ၃ ဦးထဲက မြန်မာလုပ်သားကို အသက်thayဆုံးလျက် ပြန်တွေ့ပြီလို့ ထိုင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။
နခွန် ရက်ချီစီမာ ခရိုင်၊ ပတ်ချောင်မြို့နယ်ထဲက လိုဏ်ခေါင်းလုပ်ငန်းခွင် မြေပြိုကျမှု ၅ ရက်ထဲ ဝင်လာချိန် ဒီနေ့ မွန်းလွဲပိုင်းမှာ မြန်မာလုပ်သား ထရပ်ကားယာဥ်မောင်းရဲ့ အလောင်းကို ပြန်တွေ့တာလို့ သိရပါတယ်။
ထိုင်းနိုင်ငံပိုင်မီးရထားလုပ်ငန်း(SRT)ကတော့ လက်ရှိမှာthayဆုံးသူ မြန်မာလုပ်သား ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပေမဲ့ ကျန်ရစ်တဲ့မိသားစုကို တတ်နိုင်သမျှ ကူညီမယ်လို့ ပြောထားပါတယ်။
လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ အဲဒီမြေပြိုမှုမှာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ မြေတူးစက်မောင်း လုပ်သားတစ်ဦးနဲ့ လုပ်ငန်းခွင်ကြီးကြပ်တဲ့တရုတ်နိုင်ငံသား တစ်ဦးကို ဆက်လက်ရှာဖွေနေပါတယ်။
အခုမြေပြိုမှုဖြစ်ခဲ့တဲ့ ရထားလမ်းပိုင်းဟာ တရုတ် – ထိုင်း မြန်နှုန်းမြင့်ရထားလမ်းပိုင်းမှာ ဘန်ကောက်မြို့နဲ့ လာအိုနိုင်ငံနယ်စပ်မှာရှိတဲ့ နောင်ခိုင်ခရိုင်ကို ဆက်သွယ်မယ့် လမ်းပိုင်းဖြစ်ပါတယ်။
သြဂုတ်လထဲမှာပဲ ထိုင်းနိုင်ငံဖူးခက်ကမ်းခြေ မြေပြိုမှုမှာလည်း မြန်မာ ရှစ်ဦး thayဆုံးခဲ့ပါသေးတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။