ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေတံဆိပ် ၂ ခု ရယူခဲ့ပြီးတော့ သမိုင်းစိုက်ထူပေးလို့ အကျိုးခံစားခွင့်အများကြီးရရှိခဲ့တဲ့ အိုလံပစ်ကျွမ်းဘားအားကစားသမား

International News Sports
ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေတံဆိပ် ၂ ခု ရယူခဲ့ပြီးတော့ သမိုင်းစိုက်ထူပေးလို့ အကျိုးခံစားခွင့်အများကြီးရရှိခဲ့တဲ့ အိုလံပစ်ကျွမ်းဘားအားကစားသမား

ဖိလစ်ပိုင်နိုင်ငံသား ကျွမ်းဘားအားကစားသမား ကားလို့စ် ယုလိုဟာ ၂၀၂၄ ခုနှစ် အိုလံပစ်ပွဲမှာ ရွှေတံဆိပ် ၂ ခုရရှိခဲ့ပြီးတော့ သမိုင်းစိုက်ထူနိုင်ခဲ့ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံအတွက် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိခဲ့တဲ့ ဒုတိယမြောက်အားကစားသမားဖြစ်ပါတယ်။

သူ့ရဲ့အောင်မြင်မှုက သူ့ကို ဖိလစ်ပိုင်နိုင်ငံမှာ အမျိုးသားသူရဲကောင်းဖြစ်စေခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတကလည်း ရွှေတံဆိပ်ကို ၁ ခုတည်းမဟုတ်ဘဲ ၂ ခု ယူပေးခဲ့တဲ့အတွက် ကာလို့အတွက် ဂုဏ်ယူကြောင်း ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကာလို့စ်ကို ဖိလစ်ပိုင်က အိုလံပစ်ရွှေတံဆိပ်ဆုရှင်တွေကို ကတိပေးထားတဲ့ ငွေသား ပီဆို ၁၀ သန်းကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ အပိုဆုကြေးငွေအဖြစ် ပီဆို ၆ သန်း ဆုချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဖိလစ်ပိုင်အောက်လွှတ်တော်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကာလို့စ်က သူ့ရဲ့အောင်မြင်မှုအတွက် ကွန်ဂရက်လွှတ်တော်ဆုတံဆိပ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ သူက ကွန်ဒို၊ အစားအသောက်တွေ (အကန့်အသတ်မရှိစားနိုင်)၊ ဘဝအတွက် အခမဲ့တိုင်ပင်ဆွေးနွေးမှုတွေလို ဆုလာဘ်တွေလည်း ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Megaworld က ငွေသား ပီဆို ၃ သန်းနဲ့ အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် စားသောက်ဆိုင်မျိုးစုံက အစားအသောက်နဲ့ ဖျော်ရည်တွေကိုလည်း တစ်သက်တာ စားသောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

ကာလို့စ် ယုလိုက ပထမဆုံးရွှေတံဆိပ်ဆုကို Men’s Gymnastics Floor event မှာ နောက်ဆုံးရမှတ် ၁၅.၀၀၀ နဲ့ အနိုင်ရရှိခဲ့တာပါ။ သူဟာ ရမှတ် ၁၄.၉၆၆ နဲ့ ငွေတံဆိပ်ဆုရရှိသွားတဲ့ အစ္စရေးမှ တိုကျို ၂၀၂၀ ချန်ပီယံ Artem Dolgopyat ကို ကျော်ဖြတ်အနိုင်ယူခဲ့တာပါ။ ဒုတိယမြောက်ရွှေတံဆိပ်ဆုကိုတော့ Men’s Gymnastics Vault event မှာ ရမှတ် ၁၅.၁၁၆ နဲ့ ရရှိသွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...