ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ် နုတ်ထွက်ပြီး နိုင်ငံထဲကထွက်ခွာသွား

International News
ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ် နုတ်ထွက်ပြီး နိုင်ငံထဲကထွက်ခွာသွား

ကျောင်းသားတွေက ဦးဆောင်ပြုလုပ်နေတဲ့ ‘ဒါကာကို ချီတက်ပွဲကြီး” လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲပြင်းထန်လာတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နုတ်ထွက်မယ်လို့ ကြောညာလိုက်တဲ့အကြောင်း အတည်ပြုပါတယ်။

People celebrate the resignation of Bangladeshi Prime Minister Sheikh Hasina in Dhaka, Bangladesh, August 5, 2024. REUTERS/Mohammad Ponir Hossain

ထောင်ပေါင်းများစွာတဲ့ ဆန္ဒပြသူတွေက မြို့တော် ဒါကာရှိ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်းကြေညာခဲ့တာပါ။

ဝန်ကြီးချုပ် ဟာ နိုင်ငံတွင်းကနေ ထွက်ခွာသွားပြီလို့ ဘင်္ဂါလီဌာနက အတည်ပြု ပြောကြားပါတယ်။ သတင်းတွေအရတော့ ညီမဖြစ်သူက သူနဲ့အတူရှိနေတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဆိုတာ..

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဟာ အငြင်းပွားမှုတွေရှိခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီလကပြီးစီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးကို ထပ်ပြီးအနိုင်ရခဲ့သူဖြစ်ပါတယ်။

မစ္စ ဟာစီနာရဲ့ အဝါမီလိဂ် (The Awami League)ပါတီနဲ့ သူ့ရဲ့ မဟာမိတ်ပါတီတွေက ပါလီမန်လွှတ်တော်ထဲ အမတ်နေရာ ၃၀၀ ထဲက ၂၂၃ နေရာကို အနိုင်ရခဲ့လို့ သူဝန်ကြီးချုပ်ဆက်ဖြစ်ခဲ့တာပါ။

အဲဒါက မစ္စဟာစီနာအတွက် ငါးကြိမ်မြောက်ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပြီး ၁၉၉၆ ခုနှစ်တုန်းက ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့ကာ နောက်ထပ်ပြန်လည်အရွေးခံတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အခုအထိ သူ့ရဲ့အာဏာဆက်ပြီးတည်ရှိနေတာလည်းဖြစ်ပါတယ်။

“ဒီနိုင်ငံမှာ ဒီမိုကရေစီဆက်ပြီးတည်ရှိနိုင်ဖို့ ကျွန်မအကောင်းဆုံးကြိုးစားနေပါတယ်” လို့ မစ္စဟာစီနာက ကိုယ်တိုင်မဲဆန္ဒပေးပြီးတဲ့နောက် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ၂၀၂၄ ဇန်နဝါရီလကပြောခဲ့ပါတယ်။ မစ္စဟာစီနာဟာ ၁၉၉၆ ခုနှစ်မှာ နိုင်ငံဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့သူပါ။

၂၀၀၉ ခုနှစ် ပြန်လည်ရွေးချယ်ခံပြီးတဲ့နောက်မှာတော့ ဒီကနေ့အထိအာဏာဆက်ရယူထားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ အကြာဆုံးတာဝန်ထမ်းဆောင်တဲ့ ‌ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုဝန်ကြီးချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်ဆိုရင် သူ့အသက် ၈၁ နှစ် ပြည့်ပါပြီ။

၂၀၀၉ ခုနှစ် ဇန်နဝါရီလက ပထမဆုံး ရွေးကောက်တင်မြှောက်ခံရပြီးကတည်းက ဝန်ကြီးချုပ် ဟာစီနာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုမှာ ဆန္ဒပြပွဲများ ဖြစ်ပါတယ်။ သူ့ရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအောက်မှာ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယကို ကျော်လွန်ပြီး ဒေသတွင်းမှာ စီးပွားရေး အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်ဘင်္ဂလားဒေ့ရှ် မှာ သက်ဦးဆံပိုင် ကြီးထွားလာနေပြီး စီးပွားရေး အောင်မြင်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆုတ်ယုတ်လျော့ပါးစေမှာကို စိုးရိမ်စိတ်တွေရှိလာကြပါတယ်။ ဝေဖန်သူများက မစ္စ Hasina ရဲ့ အုပ်ချုပ်မှုကို သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်များ၊ နှောင့်ယှက်သူများ နှင့် မီဒီယာများအပေါ် ဖိနှိပ်ချုပ်ချယ်သော လုပ်ရပ်များဖြင့် အမှတ်အသားပြုထားသည်ဟု ဝေဖန်သူများက စွပ်စွဲကြသည်။

မစ္စ ဟာစီနာလက်ထက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့ အဓိက အတိုက်အခံဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ကရွေးကောက်ပွဲတွေကို သပိတ်မှောက်ခဲ့ပါတယ်။ မစ္စဟာစီနာ ကလည်းအဲဒီလိုပြောကြားချက်တွေကို တောက်လျှောက်ပယ်ချခဲ့တာပါ။

People celebrate the resignation of Bangladeshi Prime Minister Sheikh Hasina in Dhaka, Bangladesh, August 5, 2024. REUTERS/Mohammad Ponir Hossain

လက်ရှိဆန္ဒပြပွဲမှာ မစ္စဟာစီနာ ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုတွေရှိနေပေမဲ့ မစ္စ ဟာစီနာ က ဆန္ဒပြသူတွေကို “နိုင်ငံတော် မတည်မငြိမ်ဖြစ်စေတဲ့ အကြမ်းဖက်သမားတွေ”လို့ ပြောဆိုထားပါတယ်။

ဟာစီနာရဲ့ ရဟတ်ယာဥ် အိန္ဒိယကို ဦးတည်နေ

ဟာစီနာဟာ အိန္ဒိယနိုင်ငံထဲက အာဂါတာလာမြို့ကို ဦးတည်နေတယ်လို့ ဘီဘီစီ ဘင်္ဂလီဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

ရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟာစီနာဟာ အစောပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာကနေ ညီမ ဖြစ်သူနဲ့အတူ ရဟတ်ယာဥ်နဲ့ ထွက်ခွာသွားတာလို့ သတင်းတွေက ဖော်ပြပါတယ်။

အဝါမီလိဂ် ရုံးခန်းတွေ တိုက်ခိုက်ခံရ

ရာထူးကနေ နုတ်ထွက်တဲ့ ဝန်ကြီးချုပ် ဟာစီနာ လိုက်ပါသွားတယ်လို့ ယူဆရတဲ့ ရဟတ်ယာဥ် တစ်စီး ဒါကာမြို့ကနေ ထွက်ခွာသွားတာကို မြင်တွေ့ရပါတယ်

ရာထူးကနေ နုတ်ထွက်တဲ့ ဝန်ကြီးချုပ် ဟာစီနာ လိုက်ပါသွားတယ်လို့ ယူဆရတဲ့ ရဟတ်ယာဥ် တစ်စီး ဒါကာမြို့ကနေ ထွက်ခွာသွားတာကို မြင်တွေ့ရပါတယ်

ဓာတ်ပုံ ပုံစာ,ရာထူးကနေ နုတ်ထွက်တဲ့ ဝန်ကြီးချုပ် ဟာစီနာ လိုက်ပါသွားတယ်လို့ ယူဆရတဲ့ ရဟတ်ယာဥ် တစ်စီး ဒါကာမြို့ကနေ ထွက်ခွာသွားတာကို မြင်တွေ့ရပါတယ်
ဒါကာမြို့မှာတော့ အဝါမီလိဂ် ပါတီ ရုံးခန်းတွေ ဖျက်ဆီးခံရတာနဲ့ မီးရှို့ခံရတာတွေရှိလာတယ်လို့ ဘီဘီစီ ဘင်္ဂါလီ ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

People shake hands with army personnel as they celebrate the resignation of Bangladeshi Prime Minister Sheikh Hasina in Dhaka, Bangladesh, August 5, 2024. REUTERS/Mohammad Ponir Hossain TPX IMAGES OF THE DAY

ရှိတ်ဟာစီနာက ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ပြီလို့ သတင်းထွက်ပေါ်ပြီးနောက်မှာပဲ အဝါမီလိဂ် ရုံးခန်းတွေ တစ်ခုပြီး တစ်ခု တိုက်ခိုက်ခံရတာြဖစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ လူတစ်စုက ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ အဝါမီလိဂ် ရဲ့ ဒန်နာမွန်ဒီ ရုံးခန်းတစ်ခန်းကို ဖျက်ဆီး မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။

တစ်ဆက်တည်းဆိုသလိုပဲ ဒါကာမြို့ ဘန်ဂါဘန်ဒူရိပ်သာလမ်းပေါ်က အဝါမီလိဂ် ရုံးချုပ်လည်း ဖျက်ဆီးခံရပြီး မီးရှို့ခဲ့ရတဲ့သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

အခုလို ရုံးခန်းတွေ ဖျက်ဆီး မီးရှို့ခံရပေမဲ့ လူသေဆုံးထိခိုက်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...