ဘရာဇီး အိုလံပစ်အမျိုးသမီးဘောလုံး ဗိုလ်လုပွဲတက်ရောက်ပြီး အမေရိကန်နှင့် တွေ့ဆုံ

International News Sports
ဘရာဇီး အိုလံပစ်အမျိုးသမီးဘောလုံး ဗိုလ်လုပွဲတက်ရောက်ပြီး အမေရိကန်နှင့် တွေ့ဆုံ

ယမန်နေ့က ကစားခဲ့သည့် အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဘရာဇီး က စပိန်ကို လေးဂိုး-နှစ်ဂိုး နှင့် အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်အတွက် အမေရိကန်နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မာဆေးမြို့တွင် ကစားခဲ့သောပွဲတွင် ဘရာဇီးက အိုင်ရင်း နှင့် ဂါဘီတို့၏ ဂိုးများဖြင့် ပထမပိုင်းတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင်လည်း စပိန်မှ ဒူဒါ၏ ကိုယ့်ဂိုးကိုယ်သွင်းဂိုးကြောင့် ဘရာဇီး ကတတိယဂိုး ထပ်ရခဲ့သည်။ ယင်းနောက် စပိန်က နှစ်ဂိုးပြန်သွင်းနိုင်ခဲ့သော်လည်း ဘရာဇီးမှ ကီရိုလင် က စတုတ္ထ ဂိုးကို ထပ်မံ သွင်းယူခဲ့သဖြင့် စပိန်တို့ နောက်ကောက်ကျသွားခဲ့ပြီး အမေရိကန်ကို ရှုံးနိမ့်ခဲ့သော ဂျာမနီ နှင့် တတိယနေရာလုပွဲ ကစားရမည်ဖြစ်သည်။

၂၀၀၄ နှင့် ၂၀၀၈ ခုနှစ်တွင် ငွေတံဆိပ် ဆုများ ရရှိခဲ့သော ဘရာဇီးက ယခုအခါ အမျိုးသမီး ဘောလုံးလောကကို ကြီးစိုးထားခဲ့သော အမေရိကန်နှင့် စနေနေ့တွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

အိုလံပစ် ရွှေတံဆိပ်ဆုကို စံချိန်တင် လေးကြိမ်ရရှိထားသော အမေရိကန် က ဆိုဖီယာစမစ်၏ အချိန်ပိုသွင်းဂိုးဖြင့် ၂၀၁၆ ရွှေတံဆိပ်ဆုရ ဂျာမနီကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့က ဘရာဇီးနှင့် တွေ့ဆုံခြင်းဖြစ်သည်။

ရေးသားသူ –Standard Daily News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...