ရမ်းကားသူကို ဝင်ကိုက်ပြီး သခင်ကို အသက်ကယ်ခဲ့တဲ့ ခွေး

International News
ရမ်းကားသူကို ဝင်ကိုက်ပြီး သခင်ကို အသက်ကယ်ခဲ့တဲ့ ခွေး

အခုလအစောပိုင်းက အမေရိကန်နိုင်ငံ နယူးဟမ်ရှိုင်းယားပြည်နယ်၊ မန်ချက်စတာမြို့မှာ ဝတ်လစ်စလစ်နီးပါး ဖြစ်နေသူတစ်ဦးက အိမ်နီးချင်းရဲ့ အိမ်ထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရသူဟာ အသက် ၈၆ နှစ်အရွယ် အဘိုးအို နက်ဒ်တာမေး ဖြစ်ပါတယ်။

ရမ်းကားသူက ထိုင်ခုံတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်နေခဲ့တာဖြစ်ပြီး နက်ဒ်တာမေးက တံခါးဖွင့်ကြည့်ချိန်မှာ အုတ်ခဲတစ်လုံးက သူ့ကို ထိမှန်ခဲ့တာပါ။ အဲဒီအချိန်မှာ ကိန်းလို့ အမည်ပေးထားတဲ့ ခွေးလေးက ရမ်းကားသူကို ဝင်ကိုက်ပြီး သခင်ကို ကာကွယ်ပေးခဲ့ပါတယ်။ ရမ်းကားသူက ခွေးလေး ကိန်းနဲ့ လုံးထွေးနေချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပြီး သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။

ဒါဟာ စိတ်ကူးပေါက်ရာကို ကြုံသလို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နက်ဒ်တာမေးဟာ ရမ်းကားသူနဲ့ ရန်ငြိုးရန်စ မရှိသလို လူချင်းလည်း တစ်ခါမျှ မတွေ့ဖူးပါဘူး။ အုတ်ခဲ ထိမှန်ခဲ့တဲ့ နက်ဒ်တာမေးကို ဆေးရုံ တင်ပို့ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခဲ့ရပေမဲ့ အခုချိန်မှာတော့ ပြန်လည်သက်သာလာပြီဖြစ်လို့ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။ နက်ဒ်တာမေးကတော့ ခွေးလေးကိန်းက သူ့အသက်ကို ကယ်ခဲ့တာလို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...