အလှမယ်ပြိုင်ပွဲမှာ သမီးဖြစ်သူ စတုတ္ထပဲ ရတာကို မကျေနပ်တဲ့ဖခင်က ဒိုင်ကို သေနတ်နဲ့ပစ်ဖို့ ကြိုးစား

International News
အလှမယ်ပြိုင်ပွဲမှာ သမီးဖြစ်သူ စတုတ္ထပဲ ရတာကို မကျေနပ်တဲ့ဖခင်က ဒိုင်ကို သေနတ်နဲ့ပစ်ဖို့ ကြိုးစား

အလှမယ်ပြိုင်ပွဲမှာ သမီးဖြစ်သူ စတုတ္ထနေရာပဲ ရခဲ့တာကို မကျေနပ်တဲ့ ဖခင်တစ်ဦးက အမှတ်ပေးဒိုင်တွေကို သေနတ်နဲ့ပစ်ဖို့ ကြိုးစားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဇူလိုင်လ ၂၈ ရက်က ဘရာဇီးနိုင်ငံ အယ်လ်တာမီရာမြို့မှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အလှမယ်ပြိုင်ပွဲမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ပြိုင်ပွဲကျင်းပပြီး နာရီပိုင်းအကြာမှာ ပြိုင်ပွဲရလဒ်အပေါ် မကျေနပ်တဲ့ ဖခင်တစ်ဦး ရောက်ချလာပြီး အမှတ်ပေးဒိုင်တွေကို စွပ်စွဲဝေဖန်ခဲ့ပါတယ်။ ဆီဘက်ရှာအိုလို့ အမည်ရတဲ့ အမျိုးသားဟာ မွေးမြူရေးလုပ်ငန်းရှင်ဟာ အလှမယ်ပြိုင်ပွဲမှာ သူ့သမီး စတုတ္ထဆုပဲရတဲ့အပေါ် မခံမရပ်နိုင်အောင် ဒေါသထွက်နေတာပါ။ အပြန်အလှန် ငြင်းခုံနေရင်း ဆီဘက်ရှာအိုက အမှတ်ပေးဒိုင်တစ်ဦးကို သေနတ်နဲ့ပစ်မလို့ ချိန်ရွယ်လိုက်စဉ်မှာပဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု ခံခဲ့ရပါတယ်။

ဆီဘက်ရှာအိုကို ဆေးရုံပို့ခဲ့ပေမဲ့ သေနတ်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အလှမယ်ပြိုင်ပွဲ ကျင်းပရာခန်းမထဲမှာ လူအများအပြား ရှိနေပြီး ဆီဘက်ရှာအိုက သေနတ် ဆွဲထုတ်လိုက်ချိန်မှာ အခြားသူတွေ မထိခိုက်အောင် ကာကွယ်ပေးဖို့ လက်ဦးမှု ပစ်ခတ်ရုံမှတပါး အခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ လုံခြုံရေးတပ်ဖွဲ့က ဆိုပါတယ်။ ဆီဘက်ရှာအိုရဲ့ ပစ်ခတ်မှုကြောင့် ခန်းမထဲ ရှိနေသူတစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံ ပို့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...