အလှူငွေတောင်းခံဖို့ တရုတ်မင်းသမီးကျောက်လုစီရဲ့ငယ်ဘဝဓာတ်ပုံကို အသုံးပြုခဲ့တဲ့ လမ်းဘေးတောင်းရမ်းစားသောက်သူ

International News
အလှူငွေတောင်းခံဖို့ တရုတ်မင်းသမီးကျောက်လုစီရဲ့ငယ်ဘဝဓာတ်ပုံကို အသုံးပြုခဲ့တဲ့ လမ်းဘေးတောင်းရမ်းစားသောက်သူ

အခုခေတ်မှာ ကျော်ကြားသူတွေရဲ့ဓာတ်ပုံတွေကို အလွဲသုံးစားလုပ်ပြီး ကြော်ငြာအတုလုပ်တာ၊ အွန်လိုင်းလိမ်ညာလှည့်ဖြားမှုတွေလုပ်တာတွေများလာပါတယ်။ တရုတ်နိုင်ငံက ထိပ်တန်းမင်းသမီးချောကျောက်လုစီဆိုရင်လည်း သူ့ရဲ့ငယ်ဘဝဓာတ်ပုံကို လမ်းဘေးတောင်းရမ်းစားသောက်သူတစ်ဦးက ငွေရဖို့အတွက် အလွှဲသုံးစားလုပ်ခဲ့တယ်ဆိုတာကို တရုတ်အင်တာနက်အသုံးပြုသူတစ်ဦးက ဗီဒီယိုနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီလမ်းဘေးတောင်းရမ်းစားသောက်သူက သွေးကင်ဆာရောဂါခံစားနေရတဲ့သမီးလေးရဲ့ဖခင်အဖြစ် ဟန်ဆောင်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်နေပါတယ်။ သူ့ဘေးမှာ “ဒီကလေးလေးရဲ့အသက်ကို ကယ်ပါ”ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုရှိပါတယ်။ သူ့သမီးလေးက ပြင်းပြင်းထန်ထန်ဖျားနေပြီး သူ့အတွက် ခွဲစိတ်စရိတ်အဖြစ် ယွမ် ၁၅၀၀၀၀ ကုန်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း ရေးထားပါတယ်။ အဲ့ဒီအမျိုးသားရဲ့ရှေ့မှာလည်း လှူထားတဲ့ငွေသားတချို့ရှိနေပါတယ်။

တကယ်တော့ အဲ့ဒီဆိုင်းဘုတ်မှာပါတဲ့ ကောင်မလေးရဲ့ဓာတ်ပုံက မင်းသမီးကျောက်လုစီရဲ့အလယ်တန်းတုန်းက ဓာတ်ပုံဖြစ်နေပါတယ်။ အင်တာနက်အသုံးပြုသူတင်ခဲ့တဲ့ ဗီဒီယိုဟာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် သတင်းဌာန Hong Xing News က စစ်ဆေးအတည်ပြုကြည့်တော့ ဒီဗီဒီယိုကို Tangxia Street မှာ ရိုက်ထားတာဖြစ်တယ်ဆိုတာ သိရပါတယ်။

အခုလို လိမ်ညာပြီး တောင်းရမ်းခဲ့တာကို လုပ်ဆောင်ခဲ့တာက ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကဖြစ်ပြီး ၁၀ မိနစ်ကျော်လောက်ပဲ အဲ့ဒီနားမှာရှိခဲ့တယ်လို့ လမ်းဘေးဈေးသည်တစ်ဦးဆီက သိရပါတယ်။ အဲ့ဒီအမျိုးသား အခုလိုတောင်းရမ်းခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ပြီး ထပ်ပြီးရောက်လာမယ်ဆိုရင် ရဲဌာနကို အကြောင်းကြားသွားမယ်လို့ ဆိုထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...